ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်း တက်ရောက် – – – – – – – – – – – – – – –

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေဝါထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌဦးမြတ်ဟိန်း ဗဟိုတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ          ဦးစာမော်ထွန်း တိုင်းဒေသကြီးပါတီ ဒုဥက္ကဌဦးအောင်ချိုဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြ           ပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ(ငြိမ်း)ဦးဝင်းတင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌဦးမြတ်ဟိန်းမှ အမှာစကားပြောကြားခြင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ(ငြိမ်း)ဦးဝင်းမြင့်စိုးမှ ကျေးဇူးတင်စကားပြောကြားခြင်း တက်ရောက်လာကြသော ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။