ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းလောင်းလှူ
မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာအုပ်စု ရွှေပြည်တန်ရပ် ပရဟိတလူငယ်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ စုပေါင်း၍ဆင်ယင်ကျင်းပသည့် ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြိတ်မြို့ ရပ် ကွက်နှင့် ကျေးရွာအနီးအနား ကျောင်းတိုက်များမှပင့်သံဃာတော် စုစုပေါင်းအပါး ၁ဝဝ ကို ပြည် ခိုင်ဖြိုးပါတီ မြိတ်မြို့နယ်မှ ဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ပါတီဝင် များ၏ စုပေါင်းပါဝင်လှူဒါန်းမှု တို့ဖြင့် သံဃာတော်များဝေယျာဝစ္စ အတွက် ဆန်၊ ဆီ၊ အချိုရည်များ နှင့်လှူဖွယ်ဝတ္ထုပစ္စည်းအသီးသီး တို့ကို ဆက်ကပ်လောင်းလှူပူဇော် ခဲ့ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်ခိုင်ဖြိုးပါတီ(ဗဟို)ကော်မတီ ဝင် မြိတ်မြို့နယ်ဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် မြိတ်မြို့နယ်ကော်မတီဝင်များ၊ ရွှေ ပြည်တန်ရပ်ကွက် ပါတီစည်း/ မှူးများနှင့်ပါတီဝင်များက စုပေါင်း ကုသိုလ်ပြု ပါဝင်လောင်းလှူပေး ခဲ့ကြကြောင်း သိရသည်။
ကျော်လင်း(မြိတ်)