ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယနေ့ ၀၉ :၀၀ နာရီတွင်မကွေးမြို့နယ် ရွှေကျော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သော ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း တိုင်းစည်းရုံးရေးတာဝန်ခံ ဦးဟန်မောင်၊ ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီဝင်များ၊မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ကော်မတီဝင်များပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဝင်အဆိုပြုလွှာ(၁၄၉)စောင်နှင့် ပါတီဝင်ကြေး(၁၄၉၀၀၀ိ/_) ပေးအပ်ခဲ့ကြပါသည်။