ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးချစ်လွင်နှင့် ရပ်/ကျေးပါတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ညီအစ်ကိုမောင်နှမ မိသားစုများ လိုက်ပါလျက် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ဆပ်ကွင်းကျေးရွာ ကုစ္ဆာ သယမဟာဓမ္မပါလကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်ကြီး ၏ဦးစီးပဓာနနာယက သက်တော် ရှည်ဆရာတော်ကြီး ဦးဥတ္တမသာရ အား သွားရောက်ဖူးမြော်ကြည်ညို သည်။
ဗဟိုအလုပ်အမှုဆောင်နှင့် မိသားစုများသည် ဆရာတော်ကြီး ကျောင်းတိုက်တွင် တည်ထားကိုး ကွယ်မည့် ရပ်တော်မူဘုရားတည် ဆောက်ရန်အတွက် မတည်ငွေ၊ ဆေးဝါးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ် သည်။
ဆက်လက်၍ ဗဟိုအလုပ်အမှု ဆောင်၊ မြို့နယ်အတွင်းရေးမှူးနှင့် ရပ်/ကျေးပါတီဝင်များသည် ပါတီ ဝင် မောင်ဇော်သက်အောင်နှင့် မအေးမာဆွေတို့၏ မင်္ဂလာဧည့်ခံ ပွဲသို့ သွားရောက်၍ မင်္ဂလာလက် ဆောင်များ ပေးအပ်ချီးမြှင့်ပြီး မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့ သည် မွန်းလွဲပိုင်းတွင် ဇာတိမြေ ဖြစ်သော လဟာကလူကျောင်းစု ကျေးရွာသို့ရောက်ရှိပြီး ဘဝနတ် ထံပျံလွန်တော်မူခဲ့သည့် နိုင်ငံတော် သြဝါဒါစရိယအဂ္ဂမဟာကမ္မဋ္ဌာနာ စရိယဘဒ္ဒန္တအိနြေ္ဒယ၏ ကျောက် ဖြစ်ရုပ်ကြွင်း ရွှေရုပ်ကလာပ်အား ဖူးမြော်သည်။ ¤င်းမှတစ်ဆင့် မျိုးဆက်သစ်များအတွက် ဆောက် လုပ်လှူဒါန်းခဲ့သည့် အလယ်တန်း ကျောင်းခွဲ ကျောင်းဆောင်သစ်သို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာ ကြီးနှင့်တွေ့ဆုံ၍ဖြည့်ဆည်းဆောင် ရွက်ရန်ရှိသည်များကို ညှိနှိုင်းတိုင် ပင်၍ ကျောင်းပိတ်ရက်တွင် ဆရာ ကန်တော့ပွဲကျင်းပနိုင်ရေး တိုင်ပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
USA