ဥတ္တရပြည်ခိုင်ဖြိုးမှ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲတွင် ကုသိုလ်ပါဝင်
နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းအုပ်စု ဖောင်းလောင်း ကျေးရွာရှိ ဇေယျသုခဘုန်းတော် ကြီး ကျောင်းတိုက်၌ (၁၅)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ် ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ကျင်းပ ခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ဥတ္တရသီရိမြို့ နယ် သံဃနာယကဥက္ကဋ္ဌ မဏိ ဇောတိက ကျွဲရှင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဒုမက အစီအစဉ် ခုနစ်ရပ်ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။
ပဋ္ဌာန်းပွဲမှာ(၁၅)ကြိမ်မြောက် ဖြစ်ပြီး ယခုလ ၂၇ရက်မှ ၃၁ ရက်အထိ ငါးရက်ကြာ သံဃာ တော် ၂၅ပါးတို့မှ အသံမစဲမဟာ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ပထမနေ့တွင် ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အရုဏ်ဆွမ်းနှင့် တစ်နေ့တာလုံးအတွက် ကုသိုလ် တာဝန်ယူ လှူဒါန်းထားကြောင်း သိရသည်။
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ သို့ ဥတ္တရသီရိမြို့နယ် သံဃ နာယကဥက္ကဋ္ဌ မဏိဇောတိက ကျွဲ ရှင်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ပဒုမ၊ ဇေယျသုခကျောင်းတိုက် ဆရာတော်ဦးပညာသာမိနှင့် ပင့် သံဃာတော်များ၊ ပဋ္ဌာန်းပွဲ အလှူ ရှင်များ၊ ဥတ္တရသီရမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှခေတ္တအတွင်းရေးမှူး ထွန်းမြင့်၊ နယ်မြေတာဝန်ခံ ဦးစိုးမိုး နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပေါ်ဦး(နေပြည်တော်)