ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဥက္ကဌ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဥက္ကဌ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ၇ . ၁ . ၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပုသိမ်ခရိုင်ပါတီကော်မတီဝင်နှင့် မြို့နယ်ဥက္ကဌ၊ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဌအဖွဲ့ဝင်များ ( ၁၂၀ ) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်ဥက္ကဌ ဦးသက်နိုင်ဦးတို့က အမှာစကားများပြောကြားပြီး တိုက်နယ်အလိုက် ခန့်အပ်လွှာများ ပေးအပ်ကာ ၁၂း၀၀ နာရီ အချိန်တွင် ပြည်ခိုင်ဖြိုးသီချင်း သီဆိုကာ အခမ်းအနားပြီးစီးခဲ့ပါသည်။