ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနားအား ပြုလုပ်ကျင်းပ
(၈-၁-၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီသို့ တာဝန်ဖြင့် ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပါတီလုပ်ငန်း စီစစ်ရေးဥက္ကဋ္ဌ၊ ရှမ်း (အရှေ့) နယ်မြေတာဝန်ခံ ဦးစိုးနိုင်သည် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ပြည်နယ်ပါတီအဖွဲ့ဝင် (၄) ဦးတို့ဖြင့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ည (၁၈း၃၅) အချိန်တွင် ရောက်ရှိလာခဲ့ရာ ဗဟိုပါတီကော်မတီဝင် ဦးဝီလ်ဆင်မိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်းနှင့် ပါတီကော်မတီဝင်များ၊ လားဟူ၊အခါ၊ ရှမ်းတိုင်းရင်းသားများမှ ရိုးရာအတီးအမှုတ်များဖြင့် ၀မ်းပမ်းတသာကြိုဆိုခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားကို ကျင်းပရာ ရှမ်း (အရှေ့) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံမှ တာချီလိတ်ခရိုင်/မြို့နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက် မှု အစီရင်ခံစားအား ဖတ်ကြားတင်သွင်းပြီး၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း (၄) ရွာ ပါတီခေါင်းဆောင် ဦးကျအူနှင့်အဖွဲ့မှ ကျေးရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာများကို ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်တို့မှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်း (အရှေ့) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ တာချီလိတ်ခရိုင်/မြို့နယ်ပါတီ၏ စည်းရုံးရေး ဆောင်ရွက်မှုအခြေအနေများ၊ ပါတီ၏လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ မီဒီယာကဏ္ဍေ ဆာင်ရွက်မှုအပေါ် အားရ ကျေနပ်မိပါကြောင်းနှင့် ပါတီမှရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကျယ်တ၀င့် နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် ပါတီဝင်များအား ပါတီမှ ညစာဖြင့် တည့်ခင်းရာတွင် ပါတီဝင် တိုင်းရင်းသားများအား တစ်ဦးချင်းလှည့်လည် နှုတ်ဆက်ပြီး (၂၀း၃၀) အချိန် တွင် ပါတီရုံးမှ ပြန်လည်ထွက်ခွာသွားပါသည်။
ယနေ့အခမ်းအနားတွင် မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄) ကျေးရွာ အိမ်ခြေ (၅၄) အိမ်မှ (၁၈) နှစ်အထက် ပါတီဝင် (၁၅၃) ဦးတို့၏ အဆိုပြုလွှာရွာလုံးကျွတ် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားသို့ တိုင်းရင်းသားပါတီဝင် များဖြစ်သည့် ရှမ်း၊ လားဟူ၊ အာခါ အင်အား (၁၅၀) ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် မအိတင်ဇာမျိုး၊ တွဲဖတ်အခမ်းအနားမှူး မပိုးအိစံမှ ဆောင်ရွက်ခဲ့ နယ်မြေတာဝန်ခံနှင့် ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ပြည်နယ်ပါတီ အဖွဲ့သည် ရွှေဘူးသီးဟိုတယ်တွင် ညအိမ်ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ