ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂ဝ) မှ မြို့နယ်ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြ သည်။

အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင်နှစ်ဦးက လုပ်ငန်းလမ်းညွှန်အမှာစကားများပြောကြားပြီး တက်ရောက်လာသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ထား ရှိမှုများကို တင်ပြခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)