ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ပြည်ခိုင်ဖြိုးပါတီ ရိုးရာပွဲတော်များတက်ရောက်အားပေး
၁၈ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် (ဒသမ) အကြိမ်မြောက် အာခါ ” ခါးထောင်းဖား ” ပွဲတော်နှင့် ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါပွဲတော်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံး ဆိုင်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ တာချီလိတ်မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များမှ (ဒသမ) အကြိမ်မြောက် အာခါ ” ခါးထောင်းဖား” ပွဲတော်သို့ တက်ရောက်အားပေးခဲ့ကြပါသည်။
ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံနှင့် မြို့နယ်ပါတီကော်မတီ ၀င်များ၊ ပါတီလူငယ် – မောင်မယ်များ၊ မေတ္တာရှင်လူမှုကူညီရေးကော်မတီဝင်များ၊ ရွှေတာချီလူမှုကူညီရေး
ကော်မတီဝင်များနှင့်အတူ တက်ရောက်အားပေးခဲ့ကြပါသည်။
အာခါ “ခါးထောင်းဖား” ပွဲတော်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။