ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံနှင့် ဌာနချုပ်လူငယ်များအဖွဲ့ ၊ ပျဉ်းမနားမြို့  ရွှေမင်းဝင်တောင်ဆရာတော်ကြီးအား ဖူးမျှော်ကာ နဝကမ္မလှူဒါန်း

ဒီဇင်လဘာ (၈) 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ဦးအောင်တင်မြင့် (ဦးက္ကန္ဒောဘာသ) သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန် တွင် ဌာနချုပ်လူငယ်များနှင့်အတူ နေပြည်တော် ပျဉ်းမနားမြို့  ရွှေမင်းဝံတောင်တော် စိန္တာမုနိကျောင်းတိုက်ကြီး ဦးစီးပဓါနနာယက ဆရာတော်အရှင်စန္ဒိမာသာရအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ရှင်စောပုဘုရင်မကြီးနန်းတော် အဆောက်အဦးအထွဋ်၌ တည်ထားလျက်ရှိသည့် မေတ္တာရှင်၊ သစ္စာရှင်၊ ဗာဟုရှင်၊ ဓါတ်တော်ရှင်၊ အောင်သာ တန်ခိုးဆံတော်ရှင်စေတီ ငါးဆူအား ဖူမျှော်ပြီး အလှူတော်ငွေ (၁၀) သိန်းကျပ် လှူဒါန်းခဲ့သည်။

အဆိုပါစေတီတော် ငါးဆူအား ဒီဇင်ဘာလ (၁၀) ရက် တနင်္ဂနွေနေ့နံနက် (၁၀း၀၀) နာရီချိန်တွင် ရွှေထီးတော်နှင့် စိန်ဖူးတော်များ တင်လှူပူဇော်မည်ဖြစ်ပါ၍ ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားသို့ ကြွရောက် ကြည်ညိုနိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည် ။