ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa၊ မြန်မာနိုင်ငံအခြေစိုက် Myanmar New Power International Co.,ltd ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းနှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် လာရောက်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဌာနချုပ်မှူး ဦးသောင်းရွှေနှင့် စီးပွားရေးဌာနမှူး ဦးဖုန်းအောင်တို့ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအပြီး စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။