ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲအခမ်းအနားတက်ရောက်

ပီကင်း ဒီဇင်ဘာ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangdong ပြည် နယ် Guang Zhou မြို့သို့ တရုတ်လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ရာ Guang Zhou မြို့သို့ နိုဝင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရောက်ရှိခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြပြီး ဆက်လက်၍ထွက်ခွာခဲ့ရာ ခေတ္တတည်းခိုမည့် White Swan Hotel သို့ ရောက်ရှိ ခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို Gu-angdong ပြည်နယ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူး မစ္စတာ Ren Xue Feng က တည်းခိုရာဟိုတယ်သို့ ဒေသစံတော်ချိန်ညနေ ၆ နာရီခွဲတွင် လာရောက်တွေ့ဆုံခဲ့ကြပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

တွေ့ဆုံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိုးနိုင်နှင့် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုကော်မတီ ဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် တရုတ်ကွန်မြူနစ်ပါတီ Guangdong ပြည်နယ် ကွန်မြူနစ်ပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူးမစ္စတာ Re n Xue Feng နှင့်အတူ Guangdong ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဌာနမှူး မစ္စတာ Zheng Jian Rong၊ ပြည်နယ်နိုင်ငံခြား ရေးရာဌာနဒုတိယဌာနမှူး မစ္စတာLi Zheng Hua တို့ တက်ရောက်ခဲ့ကြသည်။

မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ဒေသစံတော်ချိန်နံနက် ၉ နာရီကGuang Zhou Development Zone မှ နည်းပညာကုမ္ပဏီများဖြစ်ကြသည့် Leafun Company နှင့် Comba Company တို့ကို သွားရောက်လေ့လာခဲ့ကြပြီး ဒေသစံတော်ချိန်ညနေ ၆ နာရီတွင် ကွမ်ကျိုးမြို့မှ ပေကျင်းမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။
ထို့နောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီ မိနစ် ၂ဝ က ပေကျင်းမြို့တွင် ဖွင့်လှစ်ပြသ ထားသည့် တရုတ်နိုင်ငံ၏ ငါးနှစ်တာလုပ်ငန်းဆောင်တာပြပွဲသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ဒေသစံတော်ချိန် ၁ဝ နာရီ မိနစ် ၄ဝ က ပေကျင်းမြို့Wan Shou လမ်းရှိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) သို့ သွားရောက်ခဲ့ရာ ဖောင်ဒေးရှင်းမှExecutive Deputy Secretary-General Mrs. Yu Xiaoxuan က လက်ခံကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်အမှု ဆောင်ဦးစိုးနိုင် နှင့် ဦးဝဏ္ဏမောင်လွင်တို့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ မိနစ် ၂ဝ က ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်တွင်ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မျက်နှာစုံညီအစည်းအဝေး (ပထမပိုင်း) သို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကမ္ဘာ့နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို တရုတ်ကွန်မြူနစ်ပါတီမှ ဂုဏ်ပြုကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တရုတ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် တာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။