မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်အလိုက် ပါတီဝင်နှစ်စဉ်ကြေး ပေးသွင်းမှုရာခိုင်နှုန်း မလှိုင်မြို့နယ်ပါတီ အများဆုံးဖြစ်

မန္တလေး နိုဝင်ဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ဝ၁၇ ခုနှစ်အတွက် ပါတီဝင်နှစ်စဉ်ကြေး များအား ကောက်ခံလျက်ရှိရာမြို့နယ်အလိုက်ပါတီဝင် နှစ်စဉ်ကြေး ပေးသွင်းမှုရာခိုင်နှုန်းမှာ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံးဖြစ်နေကြောင်း ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ပြုလုပ်သည့် (၉) ကြိမ်မြောက် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ (၉) ကြိမ်မြောက်ပါတီ ဝင်နှစ်စဉ်ကြေးပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ခရိုင်ပါတီအတွင်းရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့် မြို့နယ်ပါတီ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲတွင် သက်ဆိုင်ရာမြို့နယ်အလိုက် ပါတီဝင်နှစ်စဉ်ကြေးများအား ခရိုင် ပါတီဥက္ကဋ္ဌ များက တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်းထံ အသီးသီးပေးအပ်ခဲ့ကာ ယခုပြုလုပ်သည့် (၉) ကြိမ်မြောက် ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲအထိ တိုင်းဒေသကြီးပါတီအတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိသည့် အနက် မလှိုင်မြို့နယ်အနေဖြင့် စိစစ်ပြီး ပါတီဝင်အင်အားအရေအတွက်၏ ၃၉ဒသမ ၄ရာခိုင်နှုန်းဖြင့် မြို့နယ် အလိုက် ပါတီဝင်နှစ်စဉ်ကြေးပေးသွင်းမှုရာခိုင်နှုန်း အများဆုံးဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး ၄င်း၏နောက်တွင် ကျောက်ပန်းတောင်းမြို့နယ်က ၃၈ဒသမ၉ ရာခိုင်နှုန်း၊ အောင်မြေသာစံမြို့နယ်က ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ တံတားဦးမြို့နယ်က ၃၆ဒသမ ၁ရာခိုင်နှုန်း၊ မဟာအောင်မြေမြို့နယ်က ၃၅ ဒသမ၄ရာခိုင်နှုန်းစသည်ဖြင့် အစဉ်လိုက် ရပ်တည်နေကြပြီး ၄င်းတို့၏ နောက်တွင်ရာခိုင်နှုန်း၃ဝအထက် မြို့နယ်ပါတီလေးပါတီ၊ ရာခိုင်နှုန်း ၂ဝအထက် မြို့နယ်ပါတီနှစ်ပါတီ၊ ၁၉ ရာခိုင်နှုန်းအထက်မှ ၁၄ ရာခိုင်နှုန်းအထက်ကြားရှိ မြို့နယ်ပါတီ ရှစ်ပါတီ၊ ၁၃ ရာခိုင်နှုန်းအထက်မှ ၁၁ ရာခိုင်နှုန်းရှိ မြို့နယ်ပါတီ ခြောက်ပါတီနှင့် ၁ဝ ရာခိုင်နှုန်း အထက်မှ ၉ ရာခိုင်နှုန်း အထက်ကြားရှိ မြို့နယ်ပါတီ သုံးပါတီတို့သည်ပါတီဝင်နှစ်စဉ်ကြေးများပေး သွင်းထားပြီးဖြစ်ကြောင်း သိရ သည်။

ယနေ့ပြုလုပ်သည့် (၉) ကြိမ်မြောက် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲတွင် ပါတီဝင်နှစ်စဉ်ကြေး စုစုပေါင်းကျပ် ၃၃၆၉၅ဝဝ ပေးသွင်းနိုင်ခဲ့ပြီး ပထမအကြိမ် ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲမှ (၉) ကြိမ်မြောက် ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲအထိ သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ပါတီဝင်နှစ်စဉ်ကြေး စုစုပေါင်းကျပ် ၅ဝ၃၈၈၅ဝဝ အား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသို့ ပေးသွင်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးပါတီမှ သိရ သည်။