ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး

ကယားပြည်နယ်၊ ဖရူဆိုမြို့

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၀)ရက်

၂၀၁၇ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၀း၁၅)နာရီအချိန် ကယား ပြည်နယ် ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကားပြောကြားပြီး လက်ရှိပါတီလုပ်ငန်း ဆောင်ရွက်ချက်များ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသေးစိတ် ရှင်းလင်းလမ်းညွှန် မှာကြားသွားပါသည်

ဆက်လက်ပြီး ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဆားရယ် မြို့နယ်ကော်မတီဝင်များ မြို့နယ်အရံကော်မတီဝင် များ ရပ်ကျေးစည်းရုံးရေးမှူးများမှ ဖရူဆိုမြို့နယ် ပါတီကိစ္စရပ်များ ရပ်ရွာလူထု အကျိုးပြုကိစ္စရပ်များ ရေးရာကိစ္စရပ်များ အသီးသီးလိုအပ်ချက်များ အသေးစိတ် ဆွေးနွေးတင်ပြကြပါသည်။

ဆက်လက်ပြီး ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေးရာ အလိုက်ဆွေးနွေး တင်ပြချက်များအား သက်ဆိုင်ရာ ပြည်နယ်ရေးရာတာဝန်ခံ အသီးသီးမှ ပြန်လည်ရှင်းလင်း ဖြေကြားသွားပါသည်

ထို့နောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။ ၄င်းတွေ့ဆုံပွဲတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်မြင့်၊ ဒေါ်မော်မော်ခိုင်၊ ဦးအောင်နိုင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဆားရယ်နှင့် မြို့နယ်ကော်မတီဝင်များ အရံကော်မတီဝင်များနှင့် ရပ်ကျေး စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၃၅)ဦးတက်ရောက်ကာ အစည်းအဝေးကို နေ့လည် ( ၁း၃၀ ) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်း သတင်းရရှိသည်။