မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူ ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ

(၁) ပြည်သူ့အကျိုးပြုလုပ်ငန်းများ လစဉ် ဆောင်ရွက်ရန် ၊

(၂) မြို့နယ်များတွင် ဖွဲ့စည်းပြီးသော ပရဟိတအသင်းများလှုပ်ရှားမှု တစ်လတစ်ကြိမ် လှုပ်ရှားဆောင်ရွက်ရန်၊

(၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊

(၄) လူငယ်ထုအင်အားကျစ်လစ်သိပ်သည်းမှုမှ တိုးချဲ့စည်းရုံးဆောင်ရွက် ရန်၊

(၅) လူငယ်စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် ရန်၊

(၆) လူငယ်စကားဝိုင်း ဆွေးနွေးဝိုင်းများ ပြုလုပ်ရန်၊

(၇) မီဒီယာအခြေခံပြီး အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်၊

(၈) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးတွင် ပါဝင်ဆောင်ရွက်ရန်၊

(၉) ပါတီအောင်နိုင်ရေးအတွက် လူငယ်များ တက်ကြွစွာပါဝင်ဆောင်ရွက် ရန်၊

(၁၀) မြို့နယ်များတွင် ပါတီဝင်လူငယ်များ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပွဲများ ဆောင်ရွက်ကြရန်တို့ ဖြစ်သည်။

#admin_team