“လက်ရှိတာဝန်ယူထားကြသူများအားအခြေခံပြီး မျိုးဆက်သစ်များကို အတွေ့အကြုံရှိသူများက လက်တွဲဆောင်ရွက် သွားရန်” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

082df3c8-f4b5-41ce-b136-5c8cd2f8494c

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ (၂၆) ရက် နံနက် (၉) နာရီက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံး ရေးမှူးများ နှင့် မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။

 66409e66-ba49-463e-a2d1-c02f64d6b2b3 6ffd2003-507d-4bc8-9ed4-fa3de5731e73

တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ပါတီဝင်များသည် ကိုယ်တိုင်ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများဖြစ်ကြောင်း၊ စွမ်းရည်မတူသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း၊ မိမိတို့ စွမ်းဆောင်နိုင်သရွေ့ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်နေကြကြောင်း၊ မိမိတို့အားလုံး ပါတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အတွက် ဆောင်ရွက်နေကြကြောင်း၊ လုပ်ဆောင်မှုတိုင်းတွင် အားနည်းချက်၊ အားသာချက်များရှိ ကြောင်း၊ မိမိတို့အားနည်းချက်များကို သိရှိပြီး အချိန်မီပြုပြင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အကျိုးပြု လုပ်ဆောင်မှုများကို လုပ်ဆောင်နေကြသော်လည်း ပြည်သူများနားလည် သဘောပေါက်အောင် ပူးပေါင်းဆောင်ရွက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့မိမြို့ဖများနှင့် ပေါင်းစပ်ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ပါတီတိုင်းသည် နိုင်ငံ တော်နှင့် ပြည်သူများအကျိုးအတွက် ဆောင်ရွက်ရန် ရည်မှန်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပါတီမှချမှတ်ထားသော မူဝါဒလမ်းစဉ်များအတိုင်း ပြည်သူ့လိုအပ် ချက်များကို ပါတီဝင်များက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်မှုများကို ပြည်သူများ နားလည်မှုလွဲစေရန် ပြောဆိုမှုများရှိပါက အမှန်အတိုင်းသိရှိစေရန် ပါတီဝင်များက ရှင်းလင်းပြော ကြားရန်လိုကြောင်း၊ ပါတီပြင်ဆင်ဖွဲ့စည်းရေးအတွက် နယ်မြေအသီးသီးတွင် ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိပါတီ၏ ရည်မှန်းချက်များအား လက်တွေ့အကောင် အထည်ဖော်ရာတွင် ပါတီတွင်း စည်းလုံးမှု၊ ပြည်သူနှင့်စည်းရုံးမှုကို မထိခိုက်စေရန်လိုကြောင်း၊ ကြီးကြပ်ရေးကော်မရှင်အဖွဲ့များမှ လည်း၊ လူမှန်နေရာမှန် တာဝန်ပေးနိုင်ရေးအတွက် အစွဲကင်းကင်းဖြင့် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လက်ရှိတာဝန်ယူထားကြသူများအား အခြေခံပြီး မျိုးဆက်သစ်များကိုလည်း အတွေ့အကြုံ ရှိသူများက လက်တွဲဆောင်ရွက်သွားရန် လိုကြောင်း၊ အရည်အချင်းတိုးတက်စေရန်အတွက် စာအုပ် စာပေဖတ်ရှုလေ့လာခြင်း ဆွေးနွေးတိုင်ပင်ခြင်းတို့ လုပ်ရန်လိုကြောင်း၊ အတွေးအခေါ် ညီညွတ်မှုရှိမှ သာ အလုပ်ညီညွတ်မှုရှိမည်ဖြစ်ကြောင်း၊ အတွေးအခေါ် ညီညွတ်မှုရှိစေရန်အတွက် ဆွေးနွေး တိုင်ပင်ကြရန်လိုကြောင်း၊ မိမိတို့ပါတီသည် စုပေါင်းလုပ်ဆောင်မှု၊ စုပေါင်းခေါင်းဆောင်မှုတို့အား အလေးထား ဆောင်ရွက်သည့်ပါတီဖြစ်ကြောင်း၊ ပါတီရှင်သန်ခိုင်မာပြီး၊ မိမိတို့နယ်မြေ၊ မိမိတို့ ပြည်သူများအကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားပါသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက ပါတီပြန်လည်ဖွဲ့စည်းရေး နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသည့် မြို့မိမြို့ဖများမှ ပါဝင်ဆွေးနွေးကြကာ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထိုတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ အင်အား (၁၉၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


Leave a Reply