ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးအာရှကစားသမားဖြစ်လာတဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမားဆွန်ဟာင်မင်ဟာ ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အာရှကစား သမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒီဂိုးဟာ စပါးအတွက် ဆွန်ဟောင်မင်ရဲ့ လိဂ်ဂိုး (၂၀) မြောက်ဂိုးဖြစ်ပြီး ယခင်က (၁၉)ဂိုးနဲ့စံချိန်တင်ခဲ့တဲ့ မန်ယူ ကွင်းလယ် ကစားသမားဟောင်း ပတ်ဂျီဆန်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင်က “ အလွန်ပဲ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ စံချိန်ချိုးနိုင်ခဲ့တဲ့အတွက်လည်း အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော့် မိသားစုကလည်း ဒီမှာရှိနေခဲ့ပါတယ်။ ကျွန်တော့်အတွက် အထူးစပါရှယ်နေ့တစ်နေ့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဂိုးအများဆုံး အာရှ(၁၀)ဦး

ဆွန်ဟောင်မင်(တောင်ကိုရီးယား) ၇၂ ပွဲ- ၂၀ ဂိုး
ပက်ဂျီဆန်(တောင်ကိုရီးယား) ၁၅၄ ပွဲ- ၁၉ ဂိုး
ကီဆောင်ယွန်း(တောင်ကိုရီးယား) ၁၄၅ ပွဲ- ၁၃ ဂိုး
အိုကာဇာကီ(ဂျပန်) ၇၅ ပွဲ- ၁၂ ဂိုး
လီချန်ယွန်း(တောင်ကိုရီးယား) ၁၀၀ ပွဲ- ၈ ဂိုး
ကာဂါဝါ(ဂျပန်) ၃၈ ပွဲ- ၆ ဂိုး
ယိုရှီဒါ(ဂျပန်) ၁၁၄ ပွဲ- ၅ ဂိုး
ဆိုးလ်ကီဟွန်(တောင်ကိုရီးယား) ၄၈ ပွဲ – ၅ ဂိုး
ဒီဂျာဂတ်(အီရန်) ၄၃ ပွဲ- ၅ ဂိုး
အီနာမိုတို(ဂျပန်) ၆၆ ပွဲ – ၄ ဂိုး

-Ref; Sky sports