ဥရောပဘောလုံးပွဲချိန်များ တစ်နာရီနောက်ဆုတ်သွားမည်

ဆောင်းဦးရာသီရောက်လာပြီဖြစ်သောကြောင့် အောက်တိုဘာလ(၂၉)ရက် တနင်္ဂနွေမှစတင်ကာ ဥရောပဘောလုံး ပွဲချိန်များမှာ တစ်နာရီနောက်ဆုတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

၂၀၁၇ ဥရောပ (daylight saving time)ကို မတ်လ(၂၆)ရက်မှစတင်ခဲ့ပြီး အောက်တိုဘာလ (၂၉)ရက်တွင် ပြီးဆုံးမည်ဖြစ် ပါတယ်။ daylight saving time ကုန်ဆုံးချိန်တွင် ဥရောပနိုင်ငံများ၏ ဒေသစံချိန်တစ်နာရီ နောက်ဆုတ်သွားမှာဖြစ်ပါတယ်။

ထို့ကြောင့် ဥရောပထိပ်တန်းလိဂ်များအပါအ၀င် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲချိန်များမှာ တစ်နာရီ နောက်ကျ သွားမည် ဖြစ်ပါတယ်။

 

-Ref; Sky sports