တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးတိုးမူဝါဒများအပေါ် မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာန အရေးပေါ် အစည်းအဝေးခေါ်မည်
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ် ဆရာ၊ဆရာမများ၏ ရာထူးတိုး မူဝါဒများအပေါ် ဝေဖန်မှုများ၊ မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာနက ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ်အစည်းအဝေးခေါ်မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော် ပညာရေး ၀န်ကြီးဌာန ရုံးအမှတ်(၁၃)၌ ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ကိုယ်စားလှယ် သုံးဦးစီနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ်(MTF) မှ ကိုယ်စား လှယ် ၃၀ ဦး တက်ရောက် ရန် ဖိတ်ကြားမည်ဖြစ်သည်။
‘‘ကျွန်တော်တို့က တန်းစီဇယားနဲ့ မူဝါဒတွေကို ၀က်ဘ်ဆိုက်မှာတင်တယ်။ သူတို့က ဒီမူတွေကို မကျေနပ်တဲ့ အတွက် အစည်းအဝေးခေါ်ပေးတာပေါ့။ ကျွန်တော်တို့က ပါချုပ်တွေကိုခေါ်ပြီး အဲဒီမူတွေကို ရှင်းပြထားပြီး သား။ ဒါပေမဲ့ သက်ဆိုင်ရာကျောင်းက ကိုယ်စားလှယ်တွေကို ထပ်ခေါ် ပြီး ပြန်ရှင်းပြမှာပါ။ သူကဘာ ကြောင့် Position ဘယ်လောက်ရောက်လဲ(တန်းစီဇယားတွင်)ဆိုတာ တချို့ကမကျေနပ်ချက်တွေရှိတယ်။ဘာကြောင့်မို့ ဘယ်လိုမူကြောင့်မို့ ဒီ Position ရောက်တယ်ဆိုတာ ရှင်းပြမှာပါ’’ ဟု ဒေါက်တာသိန်းဝင်းက ပြော ကြားသည်။
အစည်းအဝေးကို နည်းပြ/ သရုပ်ပြမှ တွဲဖက်ပါမောက္ခရာထူးအဆင့်ရှိသူများ တက်ရောက်ရမည်ဖြစ်ပြီး ဆရာ၊ ဆရာမများသည် မိမိတို့တက္ကသိုလ်မှ ကိုယ်စားလှယ်များအား မိမိတို့ ၏ သဘောထားအကြံပြုချက်များ ပေးအပ်ထားရန်နှင့် မိမိတို့ တက္ကသိုလ်များတွင် အကြံပြုတင် ပြခွင့်မရပါက ဆွေးနွေးအကြံပြု ချက်များကို MTF သို့ ပေးပို့နိုင်ကြောင်း MTF က အောက်တိုဘာ ၂၂ ရက်က ကြေညာသည်။ ရာထူးတိုးမူဝါဒများနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သဘောထားနှင့် အကြံပြုချက်များကို MTF က ကောက်ယူခဲ့ရာ ယင်းမူဝါဒများပါ တန်းစီဇယား နှင့် အမှတ်ပေးပုံတို့ကို ဆရာ၊ ဆရာမများက စိုးရိမ်မှုများ ရှိသဖြင့် ၀န်ကြီးဌာနအနေဖြင့် အရေးပေါ်အစည်းအဝေး ကျင်းပပေးရန် အောက်တိုဘာ ၁၆ ရက်က MTF က ကြေညာချက်ထုတ်တောင်း ဆိုခဲ့သည်။
‘‘ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ကို ဆက်သွယ်ပြောကြားလာတဲ့အချက်တွေထဲမှာ အဓိက အချက် သုံးချက်တွေ့ရတယ်။ ရာထူးတိုးဆောင်ရွက်တဲ့အခါမှာ လုပ်သက်ကို စွမ်းဆောင်မှုစွမ်းရည်ထက် ဦးစား ပေးထားတယ်။ နောက်ပြီး ရာထူးတိုးပြောင်း အမိန့်စာက တစ်ရက်တည်းထွက်ပေမယ့် သွားရတဲ့နေရာ အနီးအဝေး အလိုက် ရောက်တဲ့အချိန် ကွာတယ်။ တာဝန်ထမ်းဆောင်ရမယ့် နေရာကို ရောက်ရှိကြောင်း သတင်းပို့တဲ့ရက်မှာ လုပ်သက်ကို စတွက် မယ်ဆိုတာက နစ်နာမှုတွေ ရှိ တယ်။ နောက်တစ်ချက်က ဘာ သာရပ်ဌာနမှူးတွေနဲ့ တက္ကသိုလ်က အကြီးအကဲတွေက လျှို့ဝှက်အမှတ်ပေးရမယ်ဆိုတာမှာ တရားမမျှတ မှုတွေ၊ အဂတိမှုတွေ ပေါ်လာနိုင်တယ်။ တချို့ဌာနမှူးတွေ က ရင်းနှီးတဲ့သူကို အမှတ်ပိုပေး တာမျိုးတွေ ရှိတယ်’’ဟု MTF အ တွင်းရေးမှူး ကျောက်ဆည် တက္ကသိုလ် ကထိကဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။
အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ပါမောက္ခရာထူးမှ တွဲဖက်ပါမော က္ခရာထူးအထိ ရာထူးတိုး၊ အ ပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများ ကို အောက်တိုဘာ ၁ ရက်က ၀န် ကြီးဌာန၀က်ဘ်ဆိုက် (www.moe.gov.mm) တွင် ပထမဆုံး အကြိမ် တရားဝင်ကြေညာခဲ့သည်။