တရားမဝင် လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များ အမြန်ဆုံး လာရောက် အပ်နှံရန် ပြည်ထဲရေးအသိပေး

တရားမဝင်လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်း၊ ရဲတပ်ဖွဲ့မှူးရုံးများ သို့ အမြန်ဆုံးလာရောက်အပ်နှံကြ ရန် နိုင်ငံပိုင်ရုပ်သံက ယမန်နေ့ည ၈ နာရီတွင် ထုတ်ပြန်ကြေညာသည်။ လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ် ရရှိပါက တရားဥပ ဒေနှင့်အညီ အရေးယူမည်ဟုပြည် ထဲရေးဝန်ကြီးဌာနက အသိပေး ကြေညာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြု သောကြောင့် ယင်းသို့ကိုင်ဆောင် ခွင့်ရရန် ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပြည်ထဲရေး ဝန်ကြီးဌာန၊ လက်နက်ကိုင် ဆောင်ခွင့် လိုင်စင်ပါမစ်စိစစ်ရေး အဖွဲ့သို့ တင်ပြလျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ လုပ်ဆောင်ခွင့်ရှိသည်ဟုလည်း ကြေ ညာသည်။

အလားတူဆက်သွယ်ရေး စက်များကိုလည်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသို့ ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားပြီး လိုင်စင်ရရှိမှသာ ကိုင်ဆောင်ခွင့်ရမည်ဟု ဆက်လက်ကြေညာသည်။ ၂၀၁၇ အောက်တိုဘာ ၁၅ ရက်ညနေတွင် နေပြည်တော်မှ ရန်ကုန်သို့ MNA လေကြောင်း လိုင်းဖြင့် လိုက်ပါမည့် ခရီးသည်သုံးဦး၏ ခရီးဆောင်အိတ်များအတွင်းမှ ပစ္စတိုနှစ်လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေး စက်သုံးလုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းဆိုသည်။ ဆက်လက်၍ နေပြည်တော်နှင့် ရန်ကုန်ရှိ ၎င်းတို့နေထိုင်ရာများကို ဆက်လက် စစ်ဆေးရှာဖွေခဲ့ရာ နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် အရေအတွက် အပါအဝင် စုစုပေါင်း ပစ္စတိုသေ နတ် ၁၃ လက်၊ ရိုင်ဖယ်သေနတ် ခြောက်လက်၊ ဂတ်စ်ဖြင့် ဘောစေ့ထည့်ပစ်ခတ်ရသည့် ရိုင်ဖယ်တစ် လက်၊ ပစ္စတိုသုံးလက် စုစုပေါင်း ၂၃ လက်၊ ဆက်သွယ်ရေးစက် ၃၄ လုံးနှင့် ခဲယမ်းများအပါအဝင် ဆက်စပ်ပစ္စည်းများ၊ လိုင်စင်မဲ့ ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း ကြေညာသည်။

ယင်းဖြစ်စဉ်ကိုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပြီး ဆက်စပ်တရားခံများကိုလည်း ဆက်လက် ဖော်ထုတ် ဖမ်းဆီးနေသည်ဟု ဆိုသည်။ တရားမဝင်လိုင်စင်မဲ့ လက် နက်ကိုင်ဆောင်မှုများနှင့် ပတ် သက်၍ ၁၈၇၈ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ နှင့် ၁၉၅၁ လက်နက်များ ယာယီပြင်ဆင် ချက်အက်ဥပဒေပုဒ်မ ၁၉ (က) အ ရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထက်မနည်း၊ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ပြီး ၂၀၁၃ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အရ ဆက်သွယ်ရေး စက်များကို လိုင်စင်မရှိဘဲ တရားမဝင် ကိုင်ဆောင်၊ လက်ဝယ်ထားရှိ အသုံးပြုပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။ ထို့ပြင် ၂၀၁၂ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ အရ မော်တော်ယာဉ်များကို လိုင်စင်မရှိဘဲ တရား မဝင် လက်ဝယ်ထားရှိ (သို့မဟုတ်)အသုံးပြုပါက သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

7day daily