Scoot လေကြောင်းလိုင်း ရန်ကုန်-စင်ကာပူခရီးစဉ်ပျံသန်းမှုရပ်နား

Scoot လေကြောင်း လိုင်းက ရန်ကုန်-စင်ကာပူလေ ကြောင်းခရီးစဉ် ဖျက်သိမ်းလိုက် ကြောင်း စင်ကာပူနိုင်ငံမှ သတင်း များကို ကိုးကား၍ Global Air Ticketing စင်တာမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။  Scoot လေကြောင်းလိုင်းသည် Tigerair လေကြောင်းလိုင်းနှင့် ဇူလိုင်အတွင်း ပူးပေါင်းပြီးနောက်ပိုင်း ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူခရီးစဉ်ကို ဖျက်သိမ်းကြောင်း တရားဝင်ကြေညာခြင်းမရှိသည့် အပြင်  လေယာဉ်လက်မှတ်ဝန်ဆောင်မှု လုပ်ငန်းများဆီသို့လည်း အကြောင်းကြားမှုမရှိကြောင်း  လေယာဉ် လက်မှတ် အရောင်းစင်တာများက ပြောသည်။

လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်ခရီးစဉ်အတွက် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ Silk Air လေကြောင်း လိုင်းနှင့် ပြောင်းလဲချိတ်ဆက်ပေးမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များအတွက် ငွေသား ပြန်လည်ထုတ်ယူ လိုလျှင်  ခွင့်ပြုပေးမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် The Strait Times သတင်းစာက ဖော်ပြထား သည်။

Scoot လေကြောင်းလိုင်းသည် စရိတ်နည်းလေကြောင်း လိုင်းဖြစ်သဖြင့် လက်မှတ်အများအပြားကို ရောင်းချ ထားကြောင်း၊ ခရီးစဉ်ဖျက်သိမ်းပါက ငွေသား ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း Golbal Air Ticketing စင်တာမှ တာဝန်ရှိသူက ပြော သည်။

စင်ကာပူခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် မှုနည်းပါးသော်လည်း မြန်မာခရီး သွားများ စင်ကာပူသို့သွားရောက် လည်ပတ်မှုများပြားကြောင်း၊ ၂၀၁၇ ပထမခြောက်လတွင် မြန်မာခရီးသွား ခုနစ်သောင်းခြောက်ထောင်ခန့် စင်ကာပူသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း စင်ကာပူခရီးသွား လုပ်ငန်းအဖွဲ့ ၏ စာရင်းများ၌ ဖော်ပြထားသည်။

မြန်မာမှ ခရီးသွားများသည် ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်လည်ပတ်လေ့ရှိပြီး ဒုတိယအနေဖြင့် တရုတ် နိုင်ငံသို့ သွားရောက်လည်ပတ်ကြသည်။ စင်ကာပူသည် မြန်မာနိုင်ငံသားများ သွားရောက်လည်ပတ်မှု တတိယ အများဆုံးဖြစ်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ပထမ ခြောက်လနှုန်း နှိုင်းယှဉ်ပါက ခရီးသွား ၂၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

7day daily