နိုင်ငံတော်သီချင်း သီဆိုစဉ် ကစားသမားတွေ ဒူးထောက် ဆန္ဒပြ
အမေရိကန်ဘောလုံးပွဲ NFL မှာ ကစားသမားတချို့ဟာ နိုင်ငံတော်သီချင်း သီဆိုစဉ် ဒူးထောက်ခဲ့တဲ့ အတွက် ဒုသမ္မတ မိုက်ခ် ပဲန်စ် ဟာ ပွဲကနေ ထွက်ခွာသွားပါတယ်။


ပြီးခဲ့တဲ့ လ က ကျင်းပခဲ့တဲ့ ကစားပွဲမှာ နိုင်ငံတော် သီချင်း သီဆိုစဉ် ဒူးထောက် ဆန္ဒပြသူတွေ
အင်ဒီယားနားမှာ ကျင်းပတဲ့ ဒီကစားပွဲကနေ သူထွက်ခွာလာရခြင်းက အခုလို မလေးစားတာကို ပြတဲ့ ပွဲမှန်သမျှ သူ့အနေနဲ့ ဂုဏ်သရေရှိ အခမ်းအနားအဖြစ် မသတ်မှတ်နိုင်ဘူးလို့ မစ္စတာ ပန့်စ် က ဆိုပါတယ်။
အဲဒီနောက် သမ္မတ ထရမ့်က လူမှုကွန်ယက် တွတ်တာ စာမျက်နှာမှာ ရေးသားရာမှာ နိုင်ငံတော် သီချင်း သီဆိုစဉ် ကစားသမားတွေ မတ်တက်မရပ်ရင် အဲဒီအခမ်းအနားက ထွက်လာခဲ့ဖို့ ဒုသမ္မတကို ညွှန်ကြား ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဲဒီလို ဆန္ဒပြသူတွေဟာ ခွေးမသားတွေ sons of bitches လို့ မစ္စတာ ထရမ့်က ခွေးနဲ့ နှိုင်းယှဉ်ပြောခဲ့ပြီး သူတို့ကို ကစားပွဲကနေ ထုတ်ပစ်ဖို့ ပြီးခဲ့တဲ့ လတုန်းက ပြောခဲ့တာ ဖြစ်ပါတယ်။
ကစားသမားတွေကတော့ သူတို့ဟာ လူမျိုးရေးခွဲခြား မညီမျှမှုကို ဆန့်ကျင် ဆန္ဒပြတာလို့ ဆိုပါတယ်။
(BBC)



