ကျေးရွာအုပ်စုပါတီဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကျင်းပ

 

မဘိမ်းမြို့နယ်ကုန်းမခံကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ကုန်းမခံကျေးရွာရှိ ဦးထွန်းလှိုင်၏နေအိမ်၌ကျင်းပရာ အခမ်းအနားသို့ မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က အသီးသီး အမှာ စကားပြောကြားခဲ့ပြီး ကျေးရွာပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖျန်း၍စိုက်ထူခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)