13MP+5MP ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Samsung Galaxy J7+
Note 8 ကို မိတ်ဆက်ကြေညာခဲ့ပြီးတဲ့နောက် Samsung က ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Galaxy J7+ ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။
Galaxy J7+ မှာ 13MP+5MP ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ဖုန်းကို အလူမီနီယမ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး display က ၅.၅ လက်မ FullHD Super AMOLED ဖြစ်ပါတယ်။
Galaxy J7 (2017), J7 Pro တို့နဲ့မတူတာက J7+ မှာ ကုမ္ပဏီရဲ့ Exynos 7870 ချစ်ပ်မသုံးထားဘဲ 2.4GHz octa-core Mediatek Helio P20 ကို အသုံးပြုထားပါတယ်။
RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်ပါတယ်။ MicroSD slot ကနေတစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါတယ်။
ကင်မရာအနေနဲ့ ကျောဘက်က 13MP sensor မှာ f/1.7 aperture lens ပါဝင်ပြီး 5MP sensor မှာတော့ f/1.9 lens ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 16MP f/1.9 ဖြစ်ပါတယ်။
J7 Pro, J7 (2017) တို့နဲ့ နှိုင်းယှဉ်ရင် ဘက်ထရီအရွယ် သေးငယ်ပြီး 3,000mAh ဘက်ထရီကိုသာ ထည့်သွင်းထားပါတယ်။ Galaxy J7+ ရဲ့တန်ဖိုးက ဘတ် ၁၂,၉၀၀ (ဒေါ်လာ ၃၉၀ ဝန်းကျင်) ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်အထိ ကြိုတင်မှာယူနိုင်တယ်လို့ သိရပါတယ်။
-နောင်နောင် Ref: GSMArena