တံတားဦးမြို့နယ် ပါတီကော်မတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေး ကျင်းပ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပါတီကော်မတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေးကို ယနေ့နေ့လည် (၀၂း၃၀) နာရီတွင် တံတားဦးမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင် နှင့် တိုင်းကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင် ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီ ဝင်များ၊ တံတားဦးမြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးများမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လစ်လပ်မြို့နယ်ကော်မတီနေရာအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး