လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အဆုံးအဖြတ်ပေးမယ့်နေ့ ၀င်းနဲ့ဇော် အတွက် ဆုတောင်းပေးကြပါ

ဒီနေ့သည် ဝင်းနဲ့ ဇော်အတွက် နောက်ဆုံး အဆုံးဖြတ်ပေးမယ့်နေ့လေးမို့ပါ။ အခုတစ်လော fb မှာ တက်နေတဲ့ ဝင်း နဲ့ ဇော် လုံးဝ ကွင်းလုံးကျွတ်လွတ်ပြီ ဆိုတဲ့ သတင်းလုံးဝမဟုတ်ပါဘူး။ မသမာသူတွေက ဝင်းနဲ့ဇော်ကို မေ့သွားအောင် တမင်ဝါဒဖြန့်ထားတာပါ။ ဒါကြောင့်လူအများ သွေးအေးမသွားအောင် SHARE လုပ်ပြီး ဆုတောင်းပေးကြစေချင်ပါတယ်။ ထိုင်းရောက်မြန်မာများ အခုလိုအဖြစ်မျိုးကင်းဝေးကြပါစေ ။ ( 21 .8 . 2017 ) နောက်ဆုံးအယူခံတက်ရန် ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း(လိပ်ကျွန်း)အမှုတွင် ကြိုတင် ထွက်ဆိုချက် ပေးခဲ့ကြသောသက်သေ(၃)ဦး)- တရားစီရင်ချက်ချမှတ်ခံထားရသည်မှာ-

(၁) တရားခံ ဇော်လင်းနှင့် ၀င်ဇော်ထွန်းတိုသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၂၈၈)-၂၈၉(၇)-၂၇၆(၃)- ၈၃ အရ ၄င်း

(၂) တရားခံ ၀င်းဇော်ထွန်းသည် ပြစ်မှုပုဒ်မ ၃၅၅(၁) ပထမအပိုဒ် နှင့် ၂၅၅၂ ခုနှစ် -လ၀က ဥပဒေ ပုဒ် မ၁၂(၁)-၁၈(၂)-၆၂(၁)များကို ကိုယ်ကျူးလွန်သည်ဟု သုံးသပ်ကာ သေဒဏ်ကျခံစေသည် ။

ပုဒ်မ(၂၈၈) – ကြံရွယ်ချက်ဖြင့် လူသတ်မှု့ကိုကျူးလွန်လျှင်-တသက်တကျွန်း (သို့) ထောင်ဒဏ်(၁၀)နှစ် မှ (၁၅)နှစ်။ ပုဒ်မ(၂၈၉/၇)- အပြစ်ကို ဖုန်းကွယ်လိုသဖြင့် လူသတ်မှု ကျူးလွန်လျှင်-သေဒဏ်။ ပုဒ်မ (၂၇၆/၃)- မိမိကာမပိုင်မဟုတ်သောအမျိုးသမီးကို မုဒိမ်းမှုကျူးးလွန်ခြင်းအတွက်- ထောင်ဒဏ်(၂၀)နှစ်။ ပုဒ်မ(၈၃)- နှစ်ယောက်ထက်ပိုသော သူများကပြစ်မှု ပူးပေါင်းကြံစည်ခြင်းအတွက် ကျူးလွန်သော ပြစ်မှုအပေါ် ပြစ်ဒဏ်။ ပုဒ်မ(၃၃၅/၁) – ညအချိန် နှစ်ယောက်ထက်ပိုသူများက လက်နက်စွဲကိုင်ကာ လုယက်မှုကျူးလွန်ခြင်း အတွက် ထောင်ဒဏ်(၃)နှစ် သို့ ဘတ်(၅၀၀၀)ထက် မပိုသော ဒဏ်ငွေ။

၂၅၅၂-ခုနှစ် ထိုင်းလ၀က ဥပဒေ တရားမ၀င်ဝင်ရောက်လာခြင်းအတွက် ထောင်ဒဏ်(၆)လ။ ဆက်လက် နေထိုင်မှုအတွက် (၆) ဖြစ်ကြရာရာဇ၀တ်ပြစ်မှုကြောင်း ဥပဒေ ပုဒ်မ(၉၁)အရဖြစ်မှု တခုချင်းစီ အတွက်ပြစ်ဒဏ်ချခြင်း ခံခဲ့ရပြီး-တရားခံ(၂)ဦးစလုံးကို သေဒဏ်ကျခံစေရန်ချမှတ် ထားပြီးဖြစ်၍ထောင်ဒဏ်များကိုကထခံစေရန် မဖြစ်နိုင်တော့ပေ။ ထိုကြောင့်တရားခံ (၂) ဦးစလုံးကို သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ သက်သေခံ ပစ္စည်းဖြစ်သော ပေါက်တူးကို ပိုင်ရှင်ထံပြန်ပေးအပ်ရမည်။၂-တရားခံ ၀င်ဇော်ထွန်းသည် လက်ကိုင်ဖုန်း၏ တန်ကြေးဖြစ်သော ဘတ်ငွေ(၁၅၀၀၀) ကို သေသူ Hannah ၏ အမွေဆက်ခံခွင့်ရှိသူကို ပေးလျော်ရမည်။ အထက်ပါ အမိန့်ကို ထိုင်းနိုင်ငံတော်၏အဆင့် အမြင့်ဆုံးတရားရုံးသို့ (၂၁-၈-၂၀၁၇) ရက်နေ့မတိုင်မီ – အယူခံ တက်ရောက်ကြမည်ဖြစ်သည် ။ ကိုထွန်းနိုင် (ရိုးမသစ္စာ​ငွေလွှဲ)မှာ ရှာဖွေတင်ပြသည်။

ဖိုးသူတော် Credit:  ရှေ့နေဦးအောင်မျိုးသန့်