ကော်တင်ဟို အတွက် ဘာစီလိုနာ အသင်း၏ ကမ်းလှမ်းမှုကို လီဗာပူး ထပ်မံ ပယ်ချ

လီဗာပူးလ် အသင်းဟာ ၎င်းတို့ ကွင်းလယ်လူ ကော်တင်ဟို အတွက် ဘာစီလိုနာ အသင်းရဲ့ ပေါင် သန်း ၉၀ တန် ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ဘရာဇီး ကစားသမား ဖြစ်သူကို လီဗာပူးလ် အသင်း အနေနဲ့ ရောင်းထုတ်ဖို့ ဆန္ဒမရှိသလို ကော်တင်ဟို အတွက် ပြီးခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ ပေါင် ၇၂ သန်း အပြင် ပေါင် သန်း ၈၀ တန် ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချခဲ့ဖူးပါတယ်။ ကော်တင်ဟို ကတော့ လီဗာပူးလ် အသင်းကနေ ထွက်ခွာဖို့ကို စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်အသင်းကတော့ ယင်းကစားသမားအတွက် ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို တောင့်ခံသွားဖို့ ရှိနေပါတယ်။

အသက် ၂၅ နှစ် အရွယ်ရှိ ကော်တင်ဟိုဟာ နောက်ကျော ဒဏ်ရာကြောင့် ယခုတစ်ပတ် စနေနေ့မှာ ကစားမယ့် ၀က်ဖို့ဒ် အသင်းနဲ့ အဝေးကွင်း ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မယ်လို့ ယူဆရပါတယ်။ သူဟာ ဗုဒ္ဓဟူးနေ့ကလည်း ယင်းဒဏ်ရာကြောင့် အသင်းနဲ့ အတူ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

 -Ref; Sky sports