“အမျိုးသားယဉ်ကျေးမှုနှင့် စာရိတ္တပညာ” သင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်ရှိ ပုညကာရီစာသင်တိုက်နှင့် မော်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သော “အမျိုးသားယဉ်ကျေးမှုနှင့် စာရိတ္တပညာ” သင်တန်း ဆင်းပွဲ/ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ (၂၁) ရက် နံနက် (၈:၃၀)နာရီတွင်ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သင်တန်းသား (၁၁၈)ဦးအား သင်တန်းဆင်းလက်မှတ်နှင့် ဗလာစာအုပ်၊ ဘော့ပင် လက်ဆောင်များပေးခြင်း၊ ဆုရသင်တန်းသား (၁၂)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုလက်ဆောင်များပေးခြင်း၊ သင်တန်းပို့ချပေးသူ ဆရာတော်များနှင့် ဆရာ/ဆရာမများသို့ ဂုဏ်ပြုလက်ဆောင်များ လှူဒါန်းချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မော်လမြိုင်ကျွန်းမြို့နယ်