ဇေယျာသီရိမြို့နယ် ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ ရွေးချယ်

ZayaThiri1

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ် ရေဆင်းအုပ်စု၊ ရေဆင်းကျေးရွာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါ်ဝင်းယုအေး နေအိမ်၌ မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျေးရွာအုပ်စု ခေါင်းဆောင် ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာအုပ်စု ခေါင်းဆောင်ရွေးချယ်ပွဲသို့ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက် အတွင်းရေးမှူး ဦးစိုးမင်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသိန်းမြိုင်၊ ဦးမင်းအောင်၊ ဦးအောင်ခိုင်ဦး၊ ဒေါ်ဝင်းယုအေးနှင့် ကျေးရွာအလိုက် အမာခံပါတီကေဒါများ ပြည်ခိုင်ဖြိုးပါတီကို စိတ်ဝင်စားသူများ တက်ရောက် ခဲ့ကြသည်။

ရွေချယ်ပွဲအပြီးတွင် အုပ်စု (ပ)ခေါင်းဆောင်အဖြစ် ဦးဖိုးသိန်းအား ရွေချယ်တာဝန်ပေးအပ်ခဲ့ပြီး (ဒု) ခေါင်းဆောင်အဖြစ် ဦးမြင့်သိန်း (ချောင်းဖျား)အား အသီးသီး ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

Shwe Pyae Zay Yar 


Leave a Reply