သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ မင်းရွာအသင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များသည် ယခုလ ၁၂ရက် နံနက် ပိုင်းက မုတ္တမပင်လယ်ကွေ့အနီးရှိ မင်းရွာအသင်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ပါတီဝင်အင်အားစိစစ် ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံ ခြင်း၊ ပါတီဝင်သစ်များ စည်းရုံး ခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းရာတွင် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဦးကျင်ဝင်း၊ ဦးသောင်း အေး၊ ဦးသိန်းအောင်တို့က မင်းရွာ အသင်းကျေးရွာအုပ်စုအတွင်းရှိ ပိုက်စည်းကျေးရွာ၊ ညွန့်ပေါင်း ကျေးရွာ၊ ခြောက်နံပါတ်ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ နှစ်ခွကျေး ရွာ၊ မရမ်းကျေးရွာများသို့ သွား ရောက်၍ ပါတီဝင်အင်အား စိစစ် ခြင်း၊ ပါတီဝင်ကြေးကောက်ခံရေး နှင့် ပါတီအင်အားဖြည့်တင်းခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ဆောင် ရွက်နိုင်ရေးဆောင်ရွက်ခဲ့ကြသည်။

ကြည်စိုးလွင်(သုံးခွ)