သနွံသနော့ကျေးရွာရှိ ဓာတ်ပေါင်းစုစေတီတော်ဌာပနာသွင်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများတက်ရောက်
ဟင်္သာတမြို့နယ် သနွံသနော့ ကျေးရွာရှိ မဟာနန္ဒာရာမ ပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုး ကွယ်သည့် ဓာတ်ပေါင်းစုစေတီ တော်ဌာပနာသွင်းမင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆို ပါ စာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှု ဆောင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ရှေးဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသဆရာတော်ထံမှ ကိုးပါးသီလခံယူပြီး ပရိတ်တရားတော်နာယူကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ် ကျောက်များအား စေတီတော်ပတ်လည်တွင် ပက်ဖျန်းပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟို ဦးဆောင် ကော်မတီဦးဌေးဦးက ဌာပနာပစ္စည်းများကို မိုးကောင်းဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သနွံသနော့ကျေးရွာမဟာ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ၊ ပြည် ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦး နှင့်ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကဒေါ်နီနီဝင်းနှင့် အလှူရှင်များက ဌာပနာများကိုသယ်ဆောင်၍ စေတီတော်အား လက်ယာရစ်သုံးကြိမ် လှည့်ပတ်ပူဇော်ကြ သည်။ ထို့နောက် မင်္ဂလာအချိန်ကျရောက် သောအခါ သနွံသနော့ဆရာတော် ဘဒ္ဒန္တ နန္ဒောဘာသနှင့် ဦးဌေးဦးတို့က ဌာပနာပစ္စည်း များကို စေတီတော်ဌာပနာတိုက်အတွင်းသို့ သွင်းကာ ဌာပနာများကို အမွှေးနံ့သာရည် များပက်ဖျန်းကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပိတ်သိမ်း ကြောင်း သိရသည်။ ထို့နောက် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ အလှူရှင်ဦးဝင်းဇော်နှင့် သီရိသုဓမ္မသိင်္ဂီဒေါ်စန်းရှင်တို့နှင့်အတူ အလှူ ရှင်များက မိုးကောင်းဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသနှင့် သနွံသနော့ဆရာ တော် ဘဒ္ဒန္တနန္ဒောဘာသတို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Union daily