အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အခမဲ့ မော်တာ စက်ချုပ်ခြေနင်း သင်တန်းဖွင့်

 

အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ အင်းစိန်မြို့နယ် အမျိုးသမီးထုမှ ကြီးမှူး၍ မော်တာစက်ချုပ် ခြေနင်းသင်တန်းကို မေလ (၇) ရက်နေ့ နံနက် ၁ဝနာရီတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင် မောင်ဝင်း၊ မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးတင်ယု၊ အင်းစိန်မြို့နယ် ဥက္ကဋ္ဌ ဦးတင့်လွင်၊ အမျိုးသမီးထုတာဝန်ခံ ဒေါ်သင်းသင်းလှိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အင်းစိန်မြို့နယ် (၂)ရပ်ကွက်မှ သင်တန်းသား သင်တန်းသူများ၊ စက်ချုပ်နည်းပြများ ဖြစ်သော နည်းပြချုပ် ဦးမောင်အေး၊ နည်းပြဆရာမ ဒေါ်ခင်သန်းရွှေ၊ နည်းပြဆရာ ဦးကျော်မြင့်တို့ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ဗဟိုကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းက အမှာ စကားပာကြားရာ၌ အမျိုးသမီးများ ချောမွေ့သောဘဝကို လျှောက်လှမ်းရာတွင် အတတ်ပညာ တစ်မျိုးကျွမ်း ကျင်စွာတတ်ထားပါက အောက်မကျနိုင်ကြောင်း၊ ပြည်ပနိုင်ငံများသို့ မိမိတို့နိုင်ငံမှ အလုပ်အကိုင်သွား ရောက်လုပ်ကိုင်ရာတွင် မည်သို့ ဒုက္ခများရောက်ကြကြောင်း၊ မိမိတို့ ပါတီ သည် ပြည်သူများ၏ စားဝတ်နေရေးကို အစဉ်မပြတ် ဆောင်ရွက်ပေးနေကြောင်း၊ ယခုကဲ့သို့ အတတ်ပညာများကို သင်တန်းဖွင့်လှစ်ခြင်းမှာ စေတနာသန့်သန့်ဖြင့် ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားပြီး အင်းစိန်မြို့နယ် ဥက္ကဋ္ဌ ဦးတင့်လွင်က သင်တန်းသူများ ကျွမ်းကျင်အဆင့်ထိရောက်အောင် သင်ကြားပေးမည်ဖြစ်ပြီး အလုပ်အကိုင်များ ရရှိအောင်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ကိုယ်ပိုင်စက်များ ရရှိအောင်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး သင်တန်း သူများ သင်ယူနေမှုကို ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ ခရိုင်ဥက္ကဋ္ဌ ဦးတင်ယုတို့နှင့် အတူလိုက်လံကြည့်ရှုပြီး လိုအပ် သောအခက်အခဲများကို တင်ပြကြ ရန်ပြောကြားကြောင်း သိရသည်။

အောင်ဇေ(အင်းစိန်)