ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ (၃၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်တွင် မေလ (၆) ရက် နံနက် ၈ နာရီက (၃၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကျင်းပရာ အခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီမှဗဟိုကော်မတီဝင် ဦးတင်ဝင်း၊ ဦးတင်လှိုင်နှင့် ဒေါ်သင်းသင်းမိုး၊ရန်ကုန်အနောက် ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်၊ ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ သွေးလှူဒါန်းကြမည့် ပါတီဝင် ၁၅ဝနှင့်အမျိုးသားသွေး လှူဌာနမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်း ဒေသကြီးပါတီမှဗဟိုကော်မတီဝင် ဦးတင်ဝင်းက အမှာ စကားပြောကြားရာတွင် ယနေ့ (၃၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲသို့ လာရောက် လှူဒါန်းကြ သည့်ပါတီဝင်များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သွေးလှူရှင်တစ်ယောက် ဖြစ်ဖို့အတွက် ကံစိတ်ဥတုအာဟာရအကြောင်း တရားများ မျှတညီညွတ်ဖို့လိုအပ် ကြောင်း၊ မိမိတို့ နေ့စဉ်ဘဝနေထိုင်မှုတွင် အသိသတိတရားများဖြင့် နေထိုင်ကြသူများထံမှ ရရှိလာ သည့် သွေးသန့်များဖြင့် ဝေဒနာ ခံစားနေကြရသည့် လူနာများ ချမ်းသာသုခရရှိစေ မှာဖြစ်သည့် အတွက် ပါရမီမြောက်ကုသိုလ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သွေးလှူရှင်ပါတီဝင် များကိုယ်စား ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားသွေးလှူဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်က အမျိုးသားသွေးလှူ ဌာနသို့ သွေးလာရောက်လှူဒါန်း ကြသူများ သက်သောင့်သက်သာ ရှိစေရန် စီမံဆောင်ရွက်ပေးထား ကြောင်း၊ လိုအပ်ချက်များရှိပါက ပြုပြင်ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ ယခုလက်ရှိ လူနာများအတွက် အသုံးပြုနေသည့် သွေးပုလင်းများ၏ ၉၇ ရာခိုင်နှုန်းသည် ယခုကဲ့သို့ စေတနာရှင်သွေးလှူ အဖွဲ့များ၏သွေးများဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာသွေးလှူရှင်များသည် အရေးကြီးပါကြောင်း၊ ပိုမိုလှူဒါန်းနိုင်ဖို့လိုအပ်နေကြောင်း၊ မိမိတို့သွေးလှူဌာန၏သွေးစုဆောင်း ရရှိမှုစာရင်းကိုwebsite တွင် တင်ထားပေးသည့်အတွက် အချိန် နှင့်တစ်ပြေးညီ သွေးလိုအပ်ချက်များကို သွေးလှူရှင်များ သိရှိပြီး လာရောက် လှူဒါန်းနိုင်စေရန်ဖြစ် ကြောင်း၊ ယခုလို စေတနာရှင်သွေး လှူဒါန်းသူများရှိနေသည့် မြန်မာ နိုင်ငံ၏သွေးလှူဒါန်းမှုစနစ်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်းပြောကြားပြီးသွေးလှူဒါန်း နေသည့် ပါတီဝင်များအားကြည့်ရှု ၍အားပေးစကားပြောကြားခဲ့သည်။