ချယ်လ်ဆီးအသင်းတွင် အကြံပေးအဖြစ် ဟစ်ဒင့်ဆက်ရှိနေမည်

3435E3DC00000578-0-image-a-86_1463920966371

မေ ၂၃၊ လန်ဒန် ။              ။ ချယ်လ်ဆီးအသင်းကာလတိုနည်းပြအဖြစ်တာဝန်ယူခဲ့သော ဟစ်ဒင့်က ၎င်းသည်ခြေစွမ်း တက်လာသည့်လူငယ်များအသင်းကြီးသို့ ရောက်ရှိရေးကဏ္ဍကို အာရုံစိုက်ရမည့် အကြံပေးတစ်ဦး အဖြစ် အသင်းတွင်ဆက်ရှိနေမည်ဟု အတည်ပြုသည်။

ပရီးမီးယားလိဂ်သမိုင်းတွင် ချန်ပီယံဆုကာကွယ်နိုင်စွမ်းအညံ့ဆုံးဖြစ်ခဲ့ရသည့်ရာသီတွင် မော်ရင်ဟိုထုတ်ခံရပြီးနောက် ဟစ်ဒင့်သည် ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ကာလတိုကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

အသက် ၆၉ နှစ်အရွယ် နည်းပြသည် ချယ်လ်ဆီးအသင်းကို တည်ငြိမ်အောင် စွမ်းဆောင်ခဲ့သော်လည်း လာမည့် နွေရာသီမှ စကာ အီတလီနည်းပြကွန်တီက နည်းပြအဖြစ် ကိုင်တွယ်သွားမည်ဖြစ်သည်။

ဖောက်စ်စပို့စ်နှင့် အင်တာဗျူးတွင် ဟစ်ဒင့်က ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ဆက်ရှိနေမည့်အပြင် အသင်း ဂန္ထဝင်များဖြစ်သည့် ဒရော့ဘာနှင့် ပီတာချက်တို့ ကစားသမားဘဝမှအနားယူပါက အသင်းသို့ပြန်လာကြရန် ပြောထားသည်ဟုလည်း ဆိုသည်။

ဟစ်ဒင့်က လိုတက်ဖ်ချိခ်နှင့် ဘာထရန်ထရာအိုရီတို့ကို အသင်းကြီးတွင်နေရာပေးခဲ့သည်ဟု ပြောထားသည့် သော်လည်း ချယ်လ်ဆီး အသင်းသည် လူငယ် ကစားသမားများကို အသင်းကြီးသို့နေရာပေးမှု အားနည်းသည်ဟု ဝေဖန်ခံနေရသည်။

 

Ref; Daily Mail


Leave a Reply