တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များပါတီဝင်စိစစ်ရေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ သည်ပါတီဝင်စိစစ်ရေးလုပ်ငန်းပါတီနှစ်စဉ်ကြေးကောက်ခံခြင်းလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဘဏ္ဍာရေးမှူးဦးမင်းနိုင်၊ မြို့နယ်ကော်မတီဝင် ဒေါ်ယုဇနဝင်း၊ ဒေါ်ငြိမ်းငြိမ်းစံ၊ ကျေးရွာစည်းမှူး ဦးဇော်မင်းဦး၊ ဦးစိုး မင်းနိုင်နှင့် ပါတီဝင်များ၊ မြို့မတိုက်နယ် ရှေ့ခြမ်းကျေးရွာများသို့ သွားရောက်၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးများ ကောက်ခံခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းဆင့်(တွံတေး)