ကျောက်တန်းပြည်ခိုင်ဖြိုးပါတီ ပါဠိပထမပြန်စာမေးပွဲနှင့် မဟာဘွဲ့နှင်းသဘင်တွင် တက်ရောက်လှူဒါန်း

 

ကျောက်တန်းမြို့နယ်၌ ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန်စာမေးပွဲနှင့် မဟာဘွဲ့နှင်းသဘင်ကို ရွှေမှော်ဝန်း သာသနဗိမာန်တော်တွင် ယခုလ ၄ရက် နံနက် ၉နာရီတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဟန်ဝင်းထူး၊ သာသနာ ရေးဦးစီးမှူးဦးထင်လင်းအောင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ ဌာနဆိုင်ရာ များ၊ဖိတ်ကြားထားသောဧည့်သည် တော်များ၊ အလှူရှင်များ တက် ရောက်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌထံငါးပါးသီလ ခံယူကြပြီးနောက် သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တသုတ် တရားချီးမြှင့်ပေးသနားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးနှင့် သာသနာရေးဦးစီးမှူးဦးထင်လင်း အောင် သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ ၂ဝ၁၆ခုနှစ်တွင် စာအောင်မြင်တော်မူကြသော ဓမ္မာ စရိယအောင် သံဃာတစ်ပါး၊ ပထမကြီးတန်းအောင် သံဃာ တစ်ပါး၊ သီလရှင်တစ်ပါး၊ ပထမ လတ်တန်းအောင် သံဃာ ခြောက် ပါး၊ ပထမငယ်တန်းအောင်သံဃာ ၁ဝပါး၊ သီလရှင်တစ်ပါးတို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေ သာဓုခေါ်ဆိုပြီး ဗုဒ္ဓ သာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။
၂ဝ၁၇ခုနှစ်အတွက် ပါဠိပထမ ပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ယနေ့အထိမွန်းတည့်၁၂နာရီမှမွန်းလွဲ ၃နာရီအထိပထမကြီး၊ပထမလတ်၊ ပထမငယ်၊ မူလတန်းရဟန်းနှင့် သာမဏေလေးပါး၊သီလရှင်၃၄ပါး၊ စုစုပေါင်း ၁၁၈ ပါး ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။

ကိုကျောက်တန်း