ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံ အဖြစ် နော်ဝေး ရပ်တည်

နိုင်ငံအသီးသီးရှိ နိုင်ငံသားများ ကောင်းကျိုးတိုး တက်လာစေရေး လူမှုရေးယုံ ကြည်မှုနှင့် တန်းတူညီမျှမှု တည် ဆောက်ရန် တိုက်တွန်းထားသော တနင်္လာနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံချက် အသစ်တစ်ခု၌  နော်ဝေးသည် ကမ္ဘာပေါ်တွင် ပျော်စရာအကောင်းဆုံး နိုင်ငံအဖြစ် ဒိန်းမတ်နိုင်ငံကို ဖြတ်ကျော်ခဲ့ သည်။

၂၀၁၂ က ကုလသမဂ္ဂက စတင်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ခုဖြစ်သည့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖြေရှင်းချက်ကွန်ရက် (SDSN) အဖွဲ့က ထုတ်ပြန်သော ၂၀၁၇ ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာ အရ ကမ္ဘာ့မြောက်ဖျားနိုင်ငံများသည်  ကျေနပ်မှုအများဆုံးဖြစ်ကြောင်း သိရသည်။

ဆာဟာရတစ်ပိုင်း အာဖရိ ကတိုက်နိုင်ငံများနှင့် ဆီးရီးယား၊  ယီမင်နိုင်ငံတို့သည် ကုလသမဂ္ဂ က ပဉ္စမနှစ် ထုတ်ပြန်သော ၁၅၅နိုင်ငံပါဝင်သည့် စာရင်း၌ ပျော်စ ရာအနည်းဆုံးနိုင်ငံများအဖြစ် ရှိ နေသည်။

ပျော်ရွှင်စရာကောင်းသော နိုင်ငံများသည် လူ့အသိုင်းအ၀ိုင်း အပေါ် ယုံကြည်မှုအဆင့်မြင့်မား ခြင်း၊ မညီမျှမှု နည်းပါးခြင်းနှင့် အစိုးရအပေါ် ယုံကြည်မှုရှိခြင်းတို့ ရှိသော နိုင်ငံများဖြစ်ကြောင်း SDSN  ညွှန်ကြားရေးမှူး ဂျက်ဖ ရီဆက်ခ်ျက ပြောကြားသည်။

ယင်းအစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ အစိုးရအဖွဲ့များ၊ စီးပွားရေးနှင့် အရပ်ဘက် အသိုင်းအ၀ိုင်းများအား ကောင်းကျိုးချမ်းသာအတွက် ပိုမိုကောင်းသော နည်းလမ်းတစ်ရပ်ရှာဖွေရေး ၎င်းတို့ နိုင်ငံများကို ကူညီပေး နိုင်မည့် နောက်ထပ် နည်းလမ်းတစ်ရပ် ပေးရန်ဖြစ်ကြောင်း ဂျက်ဖ်ရီ ဆက်ခ်ျက ပြောကြားသည်။

ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ ဖင်လန်၊ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျနှင့် ဆွီဒင် နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် ပျော်စရာအကောင်းဆုံးနိုင်ငံများဖြစ်သည်။

Ref:Reuters