ရွေးကောက်ပွဲဆိုင်ရာ Web နဲ့ Mobile Apps များကို အခမဲ့ ရယူနိုင်
ရွေးကောက်ပွဲဆိုင်ရာ Web နဲ့ Mobile Apps များကို အခမဲ့ရယူနိုင်ကြောင်း သိရပါတယ်။
ဒီနေရာမှာ (http://www.maepaysoh.org/) ရယူနိုင်တယ်လို့သိရပါတယ်။ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ၊ အဖြေတွေကို အဲဒီ ၀က်ဘ်ဆိုက်က ရယူနိုင်မှာဖြစ်ပါတယ်။ Android ဖုန်းအသုံးပြုသူတွေနဲ့ အဲဒီဖုန်းနဲ့ Gmail အသုံးပြုပြီး သူများဟာ mVoter 2017 မိုဘိုင်းဖုန်း app အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ apps တွေကို play store မှလည်း တိုက်ရိုက်ရယူနိုင်တယ်လို့ သိရ ပါတယ်။
iPhone နဲ့ iPad အသုံးပြုသူတွေအနေနဲ့ mVoter 2017 မိုဘိုင်းဖုန်း app ကို apple store မှ ရယ နိုင်တယ်လို့ သိရပါတယ်။
# Internet Journal