လေဗာကူဆင်နည်းပြ ရော်ဂျာရှမစ် ရာထူးမှ ထုတ်ပယ်ခံရ
ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်လေဗာကူဆင်က ဒေါ့မွန်ကို ၂-၆ ဂိုးနဲ့ ရှုံးနိမ့်ပြီး နောက်ဆက်တွဲမှာ ၎င်းတို့ရဲ့နည်းပြ ရော်ဂျာရှမစ်ကို ရာထူးမှ ထုတ်ပယ်ခဲ့တယ်လို့ အသင်းက တနင်္ဂနွေနေ့ က ကြေညာခဲ့ပါတယ်။
စနေနေ့က အကြီးအကျယ်ရှုံးနိမ့်မှုဟာ နည်းပြ ရော်ဂျာရှမစ်ရဲ့ စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုအတွက် နောက်ဆုံး ဇတ်သိမ်းပိုင်းဖြစ်ခဲ့ပါတယ်။ ဒီရာသီ နည်းပြ ရှမစ် ဦးဆောင်မှုအောက်မှာ လေဗာကူဆင်ဟာ ဘွန်ဒစ်လီဂါ ၂၃ ပွဲမှာ ၁၁ ပွဲထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဥရောပမျက်နှာစာမှာလည်း လေဗာကူဆင်ဟာ ဖေဖော်ဝါရီ ၂၁ ရက်က ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ အိမ်ကွင်းမှာ အက်သလက်တီကို,ကို ၂-၄ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာ ရှိနေပါတယ်။
လေဗာကူဆင်ဟာ လက်ရှိ ဘွန်ဒဟ်လီဂါအမှတ်ပေးဇယားမှာ ရမှတ် ၃၀ နဲ့ အဆင့် ၁၀ မှာ ရှိနေပါတယ်။
©EFE_EPA