ရှေ့နေချုပ်ဆက်ရှင်က ရုရှားနှင့်ဆက်သွယ်မှုမရှိဟု ဆီးနိတ်သို့ စာရေးအကြောင်းပြန်

အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်သည် ယမန်နှစ်က ရုရှားသံအမတ်နှင့် ဆက်သွယ်မှုရှိခဲ့သည် ဟူသော ဆီးနိတ်၏ စွပ်စွဲချက်များကို စာဖြည့်ရေးသား ပြန်လည်ဖြေကြားပေးခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု တရား ရေးဌာနက မတ် ၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ကြောင်း မတ် ၄ ရက်သတင်းများအရ သိရသည်။

ဆီးနိတ်ဒီမိုကရစ်လွှတ်တော် အမတ်ကိုးဦးက လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌ ချပ်ဂရက်စ်လီထံသို့ ရှေ့နေချုပ် ဆက်ရှင်၏ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း ရုရှားသံအမတ်နှင့် ဆက်သွယ်မှုကိစ္စ ရပ်အား ထွက်ဆိုအစစ်ခံရန် ပျက်ကွက်ခဲ့မှုနှင့်စပ်လျဉ်း၍ မတ် ၃ ရက်အစောပိုင်းက စာဖြင့် ဆက်သွယ် ၏မေးမြန်း ခဲ့သည်။

ယင်းသည် ရှေ့နေချုပ်ဆက် ရှင်က စုံစမ်းစစ်ဆေးမှုမခံဟု ငြင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့စာဖြင့် ရေးသားမေးမြန်း ခဲ့ခြင်းဖြစ်သည်။
ဥက္ကဋ္ဌ ဂရက်စ်လီက ယင်းနှင့်စပ်လျဉ်း၍ မိမိအနေဖြင့် ဆက်ရှင်၏ ထွက်ဆိုချက်အပေါ်ကြားနာရန် အစီအစဉ်မရှိဟု ပြောဆိုခဲ့ပြီး ရှေ့နေသည် ဆက်ရှင်က ယခုကဲ့သို့စာ ဖြင့်ရေးသားဖြေဆိုခဲ့ခြင်းဖြစ်သည်။

မိမိသည် ရုရှားသံအမတ်ဆာဂျီကစ္စ ယက်ခ်နှင့်ရွေးကောက်ပွဲကာလအတွင်းက တစ်စုံတစ်ရာဆက်သွယ်ခဲ့ခြင်း မရှိခဲ့၍ ဆီးနိတ်ကြားနာမှုသို့ မတက်ရောက်ခြင်းဖြစ်သည်ဟု ဖြေဆိုထားသည်ဟု တရားရေးဌာနပြောရေးဆိုခွင့် ရှိသူ မီတာကားရ်က ပြောဆိုလိုက်သည်။
Ref:channnelnewsasia