ဖေဖော်ဝါရီ (၂၀)ရက်မှ(၂၁)ရက်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း(၈၀)ကျော်ဖိုး ဖမ်းဆီးရမိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းတွေနဲ့ အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့မှာ တင်သွင်း/တင်ပို့ခွင့်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေ အရေးယူမှုတွေ ပြုလုပ်ဆောင်ရွက်ရာ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီ (၂၀)ရက် ကနေ (၂၁)ရက်အတွင်း မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု(၄)မှု၊ ခန့်မှန်းတန်ဖိုးကျပ်(၇၅)သန်း ခန့်နဲ့ ရေပူစမ်းဆေးရေးစခန်းက တားဆီးမှု(၄)မှု၊ ခန့်မှန်းတန်ဖိုး ကျပ်(၇)သန်းခန့်၊ စုစုပေါင်း (၈)မှု ခန့်မှန်းတန်ဖိုး ကျပ်သန်း(၈၀)ကျော်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
ထူးခြားဖမ်းဆီးမှုအနေနဲ့ (၂၁.၁၂၀၁၇)ရက် မှာ မူဆယ်မှ မန္တလေးကို ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံလုပ် YOUNG MAN အမျိုးအစားယာဉ်ကို (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာတရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိတဲ့ YOUNG MAN အမျိုးအစား Express Bus(၁)စီး ၊ ခန့်မှန်းတန်ဖိုး ကျပ်(၅၅)သန်းခန့်ကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တယ် လို့ သိရှိရပါတယ်။
Central News Bureau