Apple TV နဲ့ Amazon Fire TV အတွက် app အသစ်တစ်မျိုး Facebook မိတ်ဆက်
Apple TV, Amazon Fire TV နဲ့ Samsung Smart TV အပါအဝင် set-top box များအတွက် app အသစ်တစ်မျိုးကို နာမည်ကျော် လူမှုကွန်ရက်ကြီးဖြစ်တဲ့ Facebook က မိတ်ဆက်ကြေညာ လိုက်ပါတယ်။
အဲ့ဒီ app ဟာ Facebook ပေါ်မှာ ပုံမှန်ကြည့်နေကျ ဗီဒီယိုအားလုံးကို အရွယ်ကြီးမားတဲ့ screen ပေါ်မှာ ကြည့်ရှုနိုင်စေမယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲမှာ Facebook Live ဗီဒီယိုတွေအပြင် လူမှု ကွန်ရက်ပေါ်က သူငယ်ချင်းတွေနဲ့ ကုန်အမှတ်တံဆိပ်တွေက တင်ထားတဲ့ ဗီဒီယိုတွေလည်း ပါဝင်ပါတယ်။
အဲ့ဒီ app အသစ်ကို Facebook ဒုဥက္ကဋ္ဌ Dan Rose က Recode ရဲ့ Code Media ကွန်ဖရင့်စ်မှာ ကြေညာခဲ့တာပါ။ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြန့်ချိပေးသွားမယ့် Facebook app အသစ်ဟာ ဗီဒီယိုကို စိတ်ဝင်စားတဲ့ သုံးစွဲသူများထံကို ရောက်ရှိစေမယ့် နည်းလမ်းတစ်ခုဖြစ်သလို ဗီဒီယိုကြော်ငြာတွေ ရောင်းချမယ့် platform တစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref: Recode