ဘန်လေကို ချယ်လ်ဆီး သရေကျသော်လည်း ၁၀ မှတ်ဖြတ်၍ ဦးဆောင်နေဆဲ
လန်ဒန် – ချယ်လ်ဆီးအသင်း သည် ဘန်လေကွင်းသို့ သွား ရောက်ကစားရသော ပွဲတွင် တစ်ဂိုးစီသရေကျခဲ့၍ ထိပ်ဆုံး၌ လွတ်လွတ်ကျွတ်ကျွတ် ၁၂ မှတ်ဖြင့် ဦးဆောင်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
ချယ်လ်ဆီးက အိမ်ရှင်အသင်းဘက်သို့ ပက်ဒရိုမှတစ်ဆင့်စောစီးစွာ ဂိုးသွင်းယူခဲ့သော် လည်း ဘန်လေက ပထမပိုင်း ၂၄ မိနစ်တွင် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော ရော်ဘီဘရက်ဒီ၏ အလွတ် တည် ကန်ဘောဖြင့် ပြန်လည်ချေပခဲ့သည်။
ချယ်လ်ဆီးသည် ဘောလုံးပိုင်ဆိုင်မှု အသာစီးရသော်လည်း ဘန်လေကို မလွှမ်းမိုးနိုင်ဘဲ ဂိုးပေါက်ကန်ချက် လည်း အများအ ပြားမရခဲ့ပေ။
ဘန်လေသည် အိမ်ကွင်း တွင် အမှတ်များရယူလေ့ရှိသော အသင်းဖြစ်ရာ ချယ်လ်ဆီးက ယင်းမှတ်တမ်းကို မချိုးဖျက်နိုင်ခဲ့ပေ။ ချယ်လ်ဆီးနှင့် သရေပွဲအပြီးတွင် ဘန်လေသည် ၁၉၇၅ နောက်ပိုင်း အိမ်ကွင်း ခြောက်ပွဲဆက် အရှုံးမရှိ စံချိန် ရရှိခဲ့သည်။
ချယ်လ်ဆီးဂိုးသမား ကော့တွိုက်စ်က တစ်မှတ်ဖြင့်သာ ကျေနပ်သင့်သည်ဟု ၀န်ခံပြောကြားသည်။
‘‘အဆုံးမှာတော့ ကျွန်တော်တို့ တစ်မှတ်နဲ့ ကျေနပ်ပျော် ရွှင်သင့်ပါတယ်’’ဟု ကော့တွိုက်စ် ကပြောသည်။
ဘန်လေ နောက်တန်းလူ မိုက်ကယ်ကိန်းကလည်း မိမိတို့အသင်း တစ်မှတ်နှင့် ထိုက်တန်ကြောင်း ပြောသည်။
‘‘ကျွန်တော်တို့ အလျှော့ မပေးပါဘူး။ အသင်းတစ်သင်း အနေနဲ့ ခံစစ်ကို အကောင်းဆုံး ကစားပြီး ကျွန်တော်တို့ ပုံစံမပျက်ခဲ့ဘူး။ ကျွန်တော်တို့ရတဲ့ အမှတ် နဲ့ ထိုက်တန်ပါတယ်’’ဟု ပြောကြားသည်။
ထိုအတောအတွင်း အီတလီ စီးရီးအေတွင် ရိုးမားက ခရိုကိုနီ ကို ၂-၀ ဂိုး၊ အင်တာက အမ်ပို လီကို ၂-၀ ဂိုးတို့ဖြင့် အနိုင်ရရှိပြီး နံပါတ် (၂)နှင့် နံပါတ် (၄)နေရာများကို အသီးသီးရယူခဲ့သည်။
-Ref; Sky Sports