ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးတင်ယု
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း -LL.B (ဥပဒေဘွဲ့)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး
လှိုင်သာယာမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးတင်ယု၏ ကိုယ်ရေးအကျဉ်း
****************************
၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်း ချောင်းမြို့တွင် အဖ ဦးအုန်းစိန်၊ အမိ ဒေါ်အေးမြင့် တို့မှ မွေးဖွားခဲ့ပါသည်။
၁၉၇၆ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ပုသိမ်ဒေသ ကောလိပ်မှ ရုံးလုပ်ငန်းအတတ်ပညာ ဒီပလိုမာ လက်မှတ်ကိုရရှိခဲ့ပြီး ရန်ကုန်ဝိဇ္ဇာ/သိပံ္ပတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် ဆက်လက်ပညာသင်ကြား ရင်း ၁၉၈၁ခုနှစ်တွင် ဥပဒေဘွဲ့ကိုရရှိခဲ့ပါသည်။
ပြည်သူ့အတွက်ဆောင်ရွက်ချက်
*******************************
၂ဝဝ၄မှ ၂ဝဝ၇ခုနှစ်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားညီလာခံတိုင်းရင်းသားလူမျိုးများ ကိုယ်စား လှယ်အစုအဖွဲ့၏ လှိုင်သာယာမြို့နယ် ကိုယ်စားပြုတက်ရောက်ခဲ့ပြီး ဥပဒေကြမ်းပြုစုရေးလုပ် ငန်းအား ဆောင်ရွက်ခဲ့ပါသည်။
၂ဝ၁ဝပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူတို့၏ တာဝန်ပေးချက်အရ ရွေးကောက်တင်မြှောက်ခံရပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော် မတီဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် အဖြစ်လည်းကောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဥပဒေပြင်ဆင်အစား ထိုးခြင်း၊ ဥပဒေအသစ်ရေးဆွဲခြင်းလုပ်ငန်းများကို လွှတ်တော်သက်တမ်းကုန်ဆုံးသည်အထိ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၁၉၈၄ခုနှစ်မှစ၍ ဗဟိုတရားရုံးရှေ့နေ၊ တရားရုံးချုပ်ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် ပြည်သူများ၏ဥပဒေနှင့်ပတ်သက်သည့်အခက်အခဲများအား အကြံဥာဏ်ပေးခြင်း၊ လိုက်ပါ ဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
၁၉၉၃ခုနှစ်မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ရန်ကုန်မြောက်ပိုင်းခရိုင်၏ ခရိုင်အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ခရိုင်အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှစ၍ ယနေ့အထိ ခရိုင်ပါတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အရန်ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ကူညီစောင့်ရှောက်မှုလုပ်ငန်းများ၊ ဖြိုးစေတနာ နယ်လှည့်ဆေးကုသရေးအဖွဲ့ဖြင့် ပြည်သူများ အား အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာအတွေ့အကြုံ
*************************
၂ဝ၁၂ခုနှစ်နှင့် ၂ဝ၁၃ခုနှစ်တို့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ ကိုယ်စားအင်ဒိုးနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသော အာဆီယံလွှတ်တော်များဆိုင်ရာ ညီလာခံ(AIPA) ၏ ဥပဒေကြမ်းပြုစုရေးဆိုင်ရာWork Shop သို့ နှစ်ကြိမ်တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။
ပြည်သူအတွက် ကတိပြုချက်
***************************
အမျိုးသားရေးဦးစားပေး ကြိုးပမ်းဆောင်ရွက်မည်။
တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှုများလျော့ကျစေရေးကြိုးပမ်းဆောင်ရွက်မည်။
အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် ဥပဒေပါအခွင့်အရေး အပြည့် အဝရရှိရေး ဆောင်ရွက်မည်။
ပြည်သူများ၏ဥပဒေပါအခွင့်အရေးအပြည့်အဝရရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်။
ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မည်။
ပြည်သူများအတွက် လိုအပ်သော ဥပဒေများပြင်ဆင်၊ ဖြည့်စွက်ရေးဆွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်။
အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။

Union daily