ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် – ဦးခင်ဝင်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – B.Sc (Physics)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးခင်ဝင်း၏ ကိုယ်ရေးအကျဉ်း
****************************
၁၉၆ဝပြည့်နှစ် ဒီဇင်ဘာ ၂၆ ရက်တွင် အဖဦးသန်းငွေ၊ အမိဒေါ်မြကြည်တို့က သာကေတ မြို့နယ်တွင် မွေးဖွားခဲ့ပြီး သာကေတမြို့နယ်မှ ၁၉၈ဝပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၁၉၈၆-၈၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်(အဝေးသင်)မှ သိပ္ပံဘွဲ့(ရူပဗေဒ)ကို ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သာကေတမြို့နယ် သမဝါယမအသင်းတွင် အကြီးတန်းစာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဒေါ်မြင့်မြင့်ခိုင် B.Ecom(Y.I.E) Nurse Aid Pharmacology (ခ) မခိုင်(အာယုအခမဲ့ဆေးခန်း)နှင့် အိမ်ထောင်ကျပြီး တိုက် ၂၁၊ အခန်း ဝဝ၃ ငုဝါလမ်း၊ ဘီ-ဘလောက်ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်ပါသည်။ ၁၉၉၄ တွင် စင်ကာပူ နိုင်ငံသို့ အလုပ်လုပ်ရန်သွားခဲ့သည်။ ၁၉၉၄-၉၅ ခုနှစ်တွင် သမဝါယမမှ တစ်လုံးတည်းပင်စင်ရ သည်။ ၁၉၉၇ ခုနှစ်တွင် စင်ကာပူနိုင်ငံမှပြန်ရောက်သည်။ ၂ဝဝ၃ မှ ၂ဝ၁၆ အထိ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အမှုဆောင်ဘဝဖြင့် အောက်ပါပြည်သူ့အကျိုးပြုလုပ်ငန်းများကို မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်ဝင်းနှင့်တွဲဖက်ပြီး ကြိုးစားဆောင်ရွက်ခဲ့သည်။
ပြည်သူ့အတွက်ဆောင်ရွက်ချက်
********************************
၂ဝဝ၈ ခုနှစ် ယုဇနဥယျာဉ်မြို့တော် အထက(၂)ကျောင်းတွင် ကျောင်းသားနှင့် စာသင်ခန်း မမျှကြောင်းကို မြို့တော်ဝန်ထံတင်ပြခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက် ပေးနိုင်ခဲ့သည့်အပြင် စာသင်ခုံအလုံး ၂ဝဝ ပါရရှိခဲ့ပြီး ၉၃ ရပ်ကွက်ရှိကျောင်းနှင့် ၉၄ ရပ်ကွက်ရှိကျောင်းတို့ကို ဝေငှပေးခဲ့ပါသည်။
၂ဝဝ၉ ခုနှစ်တွင် အမှတ် (၉၃)ရပ်ကွက် လျှပ်စစ်မီးရရှိရေးအတွက် မြို့နယ်လျှပ်စစ်ရုံးသို့ (၉၃) ရပ်ကွက်စည်းမှူးနှင့် အတူတင်ပြတောင်းဆိုခဲ့ရာ လျှပ်စစ်မီးရရှိခဲ့ပါသည်။
ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်း ပထမဦးဆုံး ကွန်ကရစ်လမ်းနှင့် ကျောက်ချောကတ္တရာလမ်း များ ၈ဝကျော် ခင်းကျင်းနိုင်ရေးကို မြို့နယ်အတွင်းရေးမှူးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး အမှတ် (၅၈)ရပ်ကွက် မူလတန်းကျောင်း၊ အမှတ် (၉၂) ရပ်ကွက် မူလတန်းကျောင်းနှင့် အမှတ်(၆၈)ရပ်ကွက် မူလတန်းကျောင်းများ ဆောက်လုပ်နိုင်ရေးအတွက် ပါတီအကြီးအကဲ များ၏ အကူအညီ၊ အလှူရှင်များ၏အကူအညီဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။ ပြည်သူများ အတွက် ရေအခက်အခဲကို အဝီစိတွင်းပေါင်း ၃ဝ ကျော်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဖြိုးစေတနာအခမဲ့ဆေးခန်းများတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး မျက်စိဝေဒနာရှင်များကို မြို့တော်အခမဲ့ဆေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါ သည်။
အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။