ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတိုင်းကော်မတီဝင်ဦးတင်လှိုင် ကအဖွင့်အမှာစကားပြောကြားပြီး ပါတီရေးရာကိစ္စများ၊ ပါတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ၊ပုံဖော်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားကာ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်း ကော်မတီဝင်)ဒေါ်အေးမင်းမိုးက လည်း ပါတီ၏မူဝါဒများ၊ ရေးရာ အလိုက်အခက်အခဲများ၊ အားနည်း ချက်၊အားသာချက်၊ ပြန်လည်သုံး သပ်ချက်များ၊ ကြိုတင်ပြင်ဆင်မှု များကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေး ခရိုင်မှခရိုင်တာဝန်ခံများ၊ မြို့နယ် အသီးသီးမှ ရေးရာတာဝန်ခံများ တက်ရောက်လျက် အပြန်အလှန် ဆွေးနွေးအကြံပြုပြီး နံနက် ၁၁ နာရီခွဲတွင် အစည်းအဝေးပြီးဆုံးခဲ့ ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)