နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်
နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသော လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စများ လေ့လာသုံးသပ် နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက် (တနင်္လာနေ့) နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အမှတ်(132-B) သံလွင်လမ်း၊ ဗဟန်းမြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်းသိရပြီး ဆွေးနွေးမည့် ခေါင်းစဉ်မှာ-
( က ) အမျိုးသားလုံခြုံရေးနှင့် ဒီမိုကရေစီအကူးအပြောင်း၊
( ခ ) ဒေသတွင်းရိုက်ခတ်လာနိုင်သော ကမ္ဘာ့အကြမ်းဖက်လုပ်ရပ်များ၊
( ဂ ) တရားဥပဒေစိုးမိုးရေးအား လုံခြုံရေးရှုထောင့်မှချဉ်းကပ်လေ့လာခြင်း၊
( ဃ ) နိုင်ငံတော်လုံခြုံရေးနှင့် ဥပဒေအမြင်
စသည်တို့ဖြစ်ကြောင်း သတင်းရရှိသည်။
Union daily