အင်းစိန်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးထုများအားတွေ့ဆုံပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ထုနှင့်အမျိုး သမီးထုများ တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ရုံးခန်း၌ကျင်းပသည်။
အခမ်းအနားသို့ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာဒေါ်စန်း စန်းနွယ်၊ဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ကော်မတီဝင် ဦးတင်မောင်ဝင်း၊ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးကော်မတီဝင် လူငယ်တာဝန်ခံဦးလှထွန်းဦး၊ ဗဟို ကော်မတီဝင်ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် အမျိုးသမီးတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင် လွင်နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီကော်မတီဝင်များ၊လူငယ် ထုပါတီဝင်နှင့်အဖွဲ့ဝင်များ၊ အမျိုး သမီးထုပါတီဝင်များ စုစုပေါင်း အင်အား ၅ဝဝ ခန့် တက်ရောက် ကြသည်။
အခမ်းအနားတွင် ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်နှင့် ဗဟိုကော် မတီဝင် ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဦးတင်မောင်ဝင်း တို့က အမှာစကားပြောကြားကြ ပြီး တက်ရောက်လာသော ပါတီ ဝင်များအား နှစ်သစ်ကူးအကြို လက်ဆောင်ပစ္စည်းများပေးအပ် ကာ မိတ်ဆုံညစာစားပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။
ဖိုးချို(ယူနီယံ)