ကလင်တန်လှုံ့ဆော်ရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ပြန်လည်စစ်ဆေးပေးရန် ကွန်ပျူတာ သိပ္ပံပညာရှင်များ တိုက်တွန်း

ဝါရှင်တန် နိုဝင်ဘာ ၂၃

ဝင်ကောင်စင်၊ မီချီဂန်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ် စုစုပေါင်း မဲရလဒ်များကို ပြန်လည်ရေတွက်ပေးရန် ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပြည်နယ် ၃ ခုရှိ စုစုပေါင်းမဲရလာဒ်ကို နှစ်ဆရေတွက်မိခြင်း သို့မဟုတ် အဟက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကွန်ပျူတာ သိပ္ပံ ပညာရှင်များက ယုံကြည်သည်ဟုဆိုသည်။

15202541_1346923705327139_8750448780898550642_n

ထို့ပြင် ပြီးခဲ့သည့် ကြာသပတေးနေ့က ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို ကလင်တန်အဖွဲ့ထံ တင်ပြခဲ့ သည်ဟုသိရသည်။ မီချီဂန်တက္ကသိုလ် ကွန်ပျူတာလုံခြုံရေးနှင့် လူမှုအသိုင်းအ၀န်းစင်တာမှ ညွှန်ကြားရေးမှူး ဂျေ အဲလက်စ် ဟယ်ဒလာမန်းက စက္ကူမဲ နှင့် အမြင်ပိုင်းဆိုင်ရာ Scanner များထက် အီလက်ထရောနစ် မဲပေးမှုများဖြင့် မဲပေးခဲ့ကြသော ကလင်တန် ရှုံးနိမ့်ခဲ့သည့် ဒေသ ၃ ခုအပေါ် မေးခွန်းထုတ်စရာများ ရှိနေသည်ဟု ယုံကြည် ကြောင်းကို ကလင်တန်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ပြောပြခဲ့သည်ဟုဆိုသည်။

အဆိုပါ ကွန်ပျူတာသိပ္ပံပညာရှင်အဖွဲ့က ကလင်တန် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဥက္ကဌ ဂျွန်ပိုဒတ်စတာ နှင့် အထွေထွေညှိနှိုင်းရေးမှူး မက်စ်အီလီယက် ထံသို့ ဟက်ခံခဲ့ရသည်ဟု ယူဆရသော အီလက်ထရောနစ် မဲပေးစက်များကိုသာ အသုံးပြုခဲ့သည့် ပြည်နယ်များတွင် ကလင်တန်က ၇ ရာခိုင်နှုန်း မဲလျော့နည်းရရှိခဲ့သည့် အပေါ် သတိပေးခဲ့သည်ဟု ဆိုသည်။

အဟက်ခံခဲ့ရသည့် သက်သေ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော်လည်း အဆိုပါစနစ်ကို လွတ်လပ်စွာ ပြန်လည် စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။

Ref:CNN


Leave a Reply