ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၂၂)ကြိမ်မြောက် စုပေါင်းကထိန် အလှူတော် ရေစက်ချ အခမ်းအနား

ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၂၂)ကြိမ်မြောက် စုပေါင်းကထိန် အလှူတော် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ (၁၄)ရက် တန်ဆောင်မုန်း လပြည့်နေ့ ညနေ (၃) နာရီအချိန်တွင် ကျောက်ဆည်မြို့နယ် ကျားကာကျေးရွာ ရွာဦးကျောင်းတိုက်တွင် ကျင်းပသည်။

15078559_680002338835947_3701507113982876451_n

ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တ ဝါသဝ အမှူးပြုသော ပင့်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်း၍ ရေစက်ချ အနုမောဒနာတရားနာယူ အမျှပေးဝေ ခဲ့ပါသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဆွေဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလင်းစိုးနှင့် ရပ်မိရပ်ဖများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ကထိန်သင်္ကန်း လှူဖွယ်ပစ္စည်းပဒေသာပင် တန်ဖိုးငွေကျပ် (၂၉၇၀၀၀) နှင့် ငွေသားလှူဒါန်းငွေ ကျပ် (၅၀၀၀၀၀) စုစုပေါင်း (၇၉၇၀၀၀) ကျပ် စုပေါင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

#  ကျောက်ဆည်ပြည်ခိုင်ဖြိုး


Leave a Reply